မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်ထုတ်ပြန်

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖေဖော်ဝါရီ လ ၂၈ ရက်တွင် အမိန့်အမှတ် ၁/၂၀၂၄ နှင့် ၂/၂၀၂၄ တို့ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်၍ ကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးနိုင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့် ထုတ်ပြန်ခဲ့သည့် မြို့နယ်ပေါင်း ၅၈ မြို့နယ်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၂-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် အမိန့်ထုတ်ပြန်ခဲ့။

  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ စစ်အုပ်ချုပ်ရေး(Martial Law)အမိန့် ထုတ်ပြန်ခဲ့သည့် မြို့နယ်ပေါင်း ၅၈ မြို့နယ်ရှိ။

Add new comment