တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ မွတ်စလင်အမျိုးသား ၁၀၇ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့အား ဖမ်းဆီးထားခြင်းမရှိကြောင်း သိရှိရ။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ပြည်သူများအား ဖမ်းဆီးနေဟူသည့် ကောလာဟလသတင်းများကို ဖြန့်ဝေလျက်ရှိပါသည်။ အဆိုပါသတင်းများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များ ဝင်ရောက်လာစေရေးနှင့် တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရေးတို့ ဖြစ်ပေါ်လာစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၂-၂၀၂၄)
- ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ မွတ်စလင်အမျိုးသား ၁၀၇ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့အား ဖမ်းဆီးထားခြင်းမရှိကြောင်း သိရှိရ။
Add new comment