လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက် ၁၃ ချက်ကို အတည်ပြုနိုင်ခဲ့ပါသည်။
- အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့်နှင့်ညီမျှသော ပြန်လည်ထူထောင်ရေးထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
- ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က ထိုင်းနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှုပြဿနာမဖြစ်ပေါ်စေရေး ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အပြင် လူကုန်ကူးခြင်းခံရသူများကို ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းနှင့်အညီ ကြည့်ရှုစောင့်ရှောက်ထားကြောင်း ပြောကြားခဲ့။
ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sara Binyoh ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၂-၂၀၂၄)
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့်နှင့်ညီမျှသော ပြန်လည်ထူထောင်ရေးထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိ။
- ထိုင်းနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှုပြဿနာမဖြစ်ပေါ်စေရေး ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အပြင် လူကုန်ကူးခြင်းခံရသူများကို ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းနှင့်အညီ ကြည့်ရှုစောင့်ရှောက်ထား။
Add new comment