တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Than Lwin Times မှ တင်ထားသော စေတုတ္တရာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့နယ်အတွင်း အကြမ်းဖက်သမားများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဆုတ်ခွာထွက်ပြေးစဉ် လမ်းတစ်လျှောက်ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်တွင် လူငယ် ၁၅ ဦးခန့် ဧည့်စာရင်းအကြောင်းပြ၍ ဖမ်းဆီးခံခဲ့ရဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး အဆိုပါရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်း၊ လူငယ်များကို ဝင်ရောက်ဖမ်းဆီးခြင်းများမရှိကြောင်းနှင့် ဖမ်းမိသူများကို ငွေနှင့် ပြန်ရွေးခိုင်းခြင်းများလည်းမရှိကြောင်း သိရှိရ။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ပြည်သူများအား ဖမ်းဆီးနေဟူသည့် ကောလာဟလသတင်းများကို ဖြန့်ဝေလျက်ရှိပါသည်။ အဆိုပါသတင်းများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များ ဝင်ရောက်လာစေရေးနှင့် တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရေးတို့ ဖြစ်ပေါ်လာစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၂-၂၀၂၄)
- စေတုတ္တရာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့နယ်အတွင်း အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဆုတ်ခွာထွက်ပြေးစဉ်လမ်းတစ်လျှောက်ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသာဖြစ်။
- ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ခြင်းသာဖြစ်။
- ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်တွင် လူငယ် ၁၅ ဦးခန့် ဧည့်စာရင်းအကြောင်းပြ၍ ဖမ်းဆီးခံခဲ့ရဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး အဆိုပါရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်း၊ လူငယ်များကို ဝင်ရောက်ဖမ်းဆီး ခြင်းများမရှိကြောင်းနှင့် ဖမ်းမိသူများကို ငွေနှင့် ပြန်ရွေးခိုင်းခြင်းများလည်းမရှိကြောင်း သိရှိရ။
Add new comment