ပြည်ကြီးတံခွန်မြို့နယ်တွင် တရားမဝင်သိုလှောင်ထားသည့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန်ဖမ်းဆီးရမိ

      နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်း/ဝယ်ဖောက်ကားခြင်းများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း x ၁၃၉ လမ်းထောင့်ရှိ ကျော်စိုး (ခ) အားလျံငှားရမ်းထားသည့် ဂိုဒေါင်အား သတင်းရရှိသဖြင့် သွားရောက်ရှာဖွေခဲ့ရာ အဆိုပါဂိုဒေါင်အတွင်းမှ တရားမဝင်သိုလှောင်ထားသည့် ကာလဒေသတန်ဖိုးငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၅ တန်သိမ်းဆည်းရမိခဲ့ပါသည်။

တရားခံ၏ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိကဖင်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၂-၂၀၂၄)

 

  • ပြည်ကြီးတံခွန်မြို့နယ်တွင် ကာလဒေသတန်ဖိုးငွေကျပ် ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းကဖင်း တန်သိမ်းဆည်းရမိခဲ့ပြီး ၎င်းဓာတုပစ္စည်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရ။

Add new comment