PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီ ၂၆ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးရန် ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ကယ်တင်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ၂၈၅ ဦး အား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါသည်။

အဆိုပါကလေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစု ပေါင်း ၂၈၅ ဦးတို့အား ဖေဖော်ဝါရီ ၂၇ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအားပေးစကားပြောကြားပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၂၈-၂-၂၀၂၄)

 

  • PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၈၅ ဦးအား ဖေဖော်ဝါရီ ၂၇ ရက်တွင် မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့။

Add new comment