မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃) ဖြင့် အကောင်အထည်ဖော်ခွင့်ရရှိခဲ့သော စီမံချက်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership - RCEP) သဘောတူစာချုပ်အကောင်အထည်ဖော်ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့ အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong နှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာဝန်ကြီးဌာန ၁၀ ခုတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
- အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် RCEP သဘောတူ စာချုပ်ကို ပိုမိုနားလည်သဘောပေါက်နိုင်စေရန်နှင့် အသုံးပြုမှု ပိုမိုမြင့်မားလာစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့။
- မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က တရုတ်နိုင်ငံသည် RCEP သဘောတူစာချုပ်အား အရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော်နိုင်ရန် အစဉ်အမြဲ မြှင့်တင်ပေးလျက်ရှိကြောင်းနှင့် ဈေးကွက်ဖွင့်လှစ်မှုကတိကဝတ်များအပါအဝင် အကောက်ခွန်လျှော့ချရေး၊ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များတွင် တက်ကြွစွာပါဝင် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့။
- နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအပါအဝင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၁၀၆ ခုကို လက်ခံရရှိထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့။
ဆွေးနွေးပွဲကို တရုတ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၄၀ ဦး၊ တရုတ်နိုင်ငံမှ ၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ၁၀ ဦး၊ လာအိုနိုင်ငံမှ ၁၀ ဦး၊ ထိုင်းနိုင်ငံမှ ၉ ဦး၊ ဗီယက် နမ်နိုင်ငံမှ ၅ ဦး၊ စုစုပေါင်းကိုယ်စားလှယ် ၇၅ ဦး တက်ရောက်ကြပြီး ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်ကြာ နေပြည်တော်၌ လူကိုယ်တိုင် တက်ရောက်သည့် အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၂-၂၀၂၄)
- ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် RCEP သဘောတူစာချုပ်ကို ပိုမိုနားလည် သဘောပေါက်နိုင်စေရန်နှင့် အသုံးပြုမှု ပိုမိုမြင့်မားလာစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်။
- တရုတ်နိုင်ငံသည် RCEP သဘောတူစာချုပ်အား အရည်အသွေးမြင့်မားစွာအကောင် အထည်ဖော်နိုင်ရန် အစဉ်အမြဲမြှင့်တင်ပေးလျက်ရှိ၊ ဈေးကွက်ဖွင့်လှစ်မှုကတိကဝတ်များအပါအဝင် အကောက်ခွန်လျှော့ချရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိ။
- မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအပါအဝင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၁၀၆ ခုကို လက်ခံရရှိထားပြီးဖြစ်။
Add new comment