နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၆ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Mytel Co.,Ltd တို့မှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၉,၁၅၀,၃၀၀ နှင့် ငွေကျပ် ၄,၇၅၀,၀၀၀ တန်ဖိုးရှိ ကာပေါ်လစ်ဆပ်ပြာများနှင့် စားသောက်ဖွယ်ရာများအား တိုင်းမှူးထံအသီးသီး ဂုဏ်ပြုပေးအပ် ခဲ့ပါသည်။
အလားတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များက ငွေကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။ အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ရှေ့တန်းရောက် တပ်မတော်သားများ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၂-၂၀၂၄)
-
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၉,၁၅၀,၃၀၀ နှင့် ငွေကျပ် ၄,၇၅၀,၅၀၀ တန်ဖိုးရှိ ကာပေါ်လစ်ဆပ်ပြာများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခဲ့။
Add new comment