တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော မော်လမြိုင်မြို့တွင် လူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးငွေညှစ်နေဟူသည့်သတင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းရန် စာရင်းကောက်နေဟူသည့်သတင်း တို့နှင့်ပတ်သက်၍ လက်ရှိမြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့နယ်နှင့် ကျေးရွာများ၌ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း စစ်မှုထမ်းဆောင်ရန်အတွက် စာရင်းကောက်နေသည့် သတင်းမှာလည်း မဟုတ်မမှန် လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ပြည်သူများအား ဖမ်းဆီးနေဟူသည့် ကောလာဟလသတင်းများကို ဖြန့်ဝေလျက်ရှိပါသည်။ အဆိုပါသတင်းများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များ ဝင်ရောက် လာစေရေးနှင့် တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရေးတို့ ဖြစ်ပေါ်လာစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၂-၂၀၂၄)

 

  • မော်လမြိုင်မြို့တွင် လူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးငွေညှစ်နေဟူသည့်သတင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းရန် စာရင်းကောက်နေဟူသည့်သတင်းတို့နှင့်ပတ်သက်၍ လက်ရှိမြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့နယ်နှင့် ကျေးရွာများ၌ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်မှုထမ်းဆောင်ရန်အတွက် စာရင်းကောက်နေသည့် သတင်းမှာလည်း မဟုတ်မမှန်လုပ်ကြံသတင်းအမှားဖြစ်

Add new comment