ပြည်ဖျက်မီဒီယာများအနေဖြင့် လတ်တလောတွင် လူမှုကွန်ယက်စာမျက်နှာများ၊ အင်တာနက်ဝက်ဆိုဒ်များတွင် ငွေကျပ် ၂၀,၀၀၀ တန် ငွေစက္ကူများ ထွက်ရှိမည်ဟူ၍ အဆက်မပြတ်ထုတ်လွှင့်လျက်ရှိရာ အဆိုပါမဟုတ်မမှန် သတင်းတု သတင်းအမှားများ နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက-
-
၂၀,၀၀၀ တန် ငွေစက္ကူများအား "မာရဝိဇယ" ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ "ရဋ္ဌနန္ဒက" ၏ တစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အများပြည်သူများအထိမ်းအမှတ်အဖြစ် သိမ်းဆည်းနိုင်ရန် ဟောင်းနွမ်းငွေစက္ကူများနှင့်ပင် ကန့်သတ်လဲလှယ်ပေးသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း။
-
ပြည်ဖျက်မီဒီယာများအနေဖြင့် ကောလာဟလသတင်းများ များပြားနေသည့် လက်ရှိချိန်တွင် အချိန်ကိုက်ပြီး ဘဏ်လုပ်ငန်းလည်ပတ်မှုများ မတည်မငြိမ်ဖြစ်စေရန်၊ ငွေရေးကြေးရေးဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ပြီး ထုတ်လွှင့်ခြင်းသာဖြစ်ပြီး မဟုတ်မမှန်သတင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။
PDF အမည်ခံအကြမ်းဖက်သမားအင်အား ၁၀၀ ကျော်သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကလေးတက္ကသိုလ်ထဲသို့ဝင်ရောက်ပြီး စာသင်ဆောင်များတွင် ပညာသင်ကြားလျက်ရှိသည့် ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရုံးဝန်ထမ်းများအား ဖမ်းဆီးထားကြောင်း တာဝန်သိပြည်သူများက သတင်းပေးလာသည့်အတွက် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ရသည်များနှင့်ပတ်သက်၍လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက-
-
PDF အကြမ်းဖက်သမားများ ဖမ်းဆီးထားသည့် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ ရုံးဝန်ထမ်း စုစုပေါင်း ၂၈၅ ဦးကို အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း။
-
လာရောက်တိုက်ခိုက်ခဲ့သည့် PDF များ၏ အလောင်းလက်နက်အချို့ရရှိခဲ့ကြောင်း၊ အချို့ယူနီဖောင်းများတွင် CNA တံဆိပ် CHIN NATIONAL ARMY တံဆိပ် အမျိုးအစားများလည်းပါရှိကြောင်း။
-
NUG၊ CRPH ဦးဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် အရပ်ဝတ်များဝတ်ဆင်လျက် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ် များအားတိုက်ခိုက်ခြင်း၊ အရပ်သားများအားခြိမ်းခြောက်ခြင်း၊ အဓိကအားဖြင့် နိုင်ငံတော်၏အနာဂတ်ဖြစ်သော ပညာရေးနှင့်ပတ်သက်၍ နှောက်ယှက်ခြိမ်း ခြောက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း။
-
ကျွန်တော်တို့အနေဖြင့် အထက်ပါကဲ့သို့ အရပ်ဝတ်များဝတ်ဆင်ပြီး အကြမ်းဖက်လုပ်ရပ်များပြုလုပ်နေသည့် PDF အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းလျှင် အရပ်သားများအား တိုက်ခိုက်နေသည်ဟု အစဉ်တစိုက်စွပ်စွဲခဲ့သော ပြည်ဖျက်မီဒီယာများ၊ မြန်မာနိုင်ငံပေါ်မှာအစဉ်တစိုက် အမြဲ တမ်းတိုက်ခိုက်နေသည့် နိုင်ငံများအနေဖြင့် ကလေးတက္ကသိုလ်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေသည်မှာ မဆန်းကြောင်း။
နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူလူထုအနေဖြင့် အထက်ပါကိစ္စရပ်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မြန်မာနိုင်ငံအား ပျက်စီးသထက်ပျက်စီးစေရန် လုပ်ဆောင်နေသည့် ပြည်ဖျက်မီဒီယာများနှင့် အနောက်နိုင်ငံများ၏ ရည်ရွယ်ချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်အနာဂတ်၊ ကလေးသူငယ်များ၏ အနာဂတ်ပျက်စီးစေရန်နှင့် ပညာတတ်များကင်းမဲ့သည့် နိုင်ငံဖြစ်အောင်လုပ်နေသည့် အကြမ်းဖက်သမားများ၏ ရည်ရွယ်ချက်များကိုသိရှိပြီး ပြည်သူလူထုတစ်ရပ်လုံး၊ အဖွဲ့ အစည်းများအားလုံးက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ရမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၂-၂၀၂၄)
-
အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည့် ၂၀,၀၀၀ တန် ငွေစက္ကူများနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများ၊ အင်တာနက်ဝက်ဆိုဒ်များတွင် ဘဏ်လုပ်ငန်းလည်ပတ်မှုများ မတည်မငြိမ်ဖြစ်စေရန်၊ ငွေရေးကြေးရေးဈေးကွက် မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ပြီး သတင်းအမှားများ ထုတ်လွှင့်လျက်ရှိ၊ မဟုတ်မမှန်သတင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်။
-
PDF အကြမ်းဖက်သမားများ ဖမ်းဆီးထားသည့် ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ ရုံးဝန်ထမ်းစုစုပေါင်း ၂၈၅ ဦးကို အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့။
-
လာရောက်တိုက်ခိုက်ခဲ့သည့် PDF များ၏ အလောင်းလက်နက်အချို့ရရှိခဲ့၊ အချို့ ယူနီဖောင်းများတွင် CNA တံဆိပ် CHIN NATIONAL ARMY တံဆိပ်အမျိုးအစားများလည်းပါရှိ။
-
NUG၊ CRPH ဦးဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် အရပ်ဝတ်များဝတ်ဆင်လျက် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များအား တိုက်ခိုက်ခြင်း၊ အရပ်သားများအားခြိမ်းခြောက်ခြင်း၊ အဓိကအားဖြင့် နိုင်ငံတော်၏အနာဂတ်ဖြစ်သော ပညာရေးနှင့်ပတ်သက်၍ နှောက်ယှက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိ။
Add new comment