ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မှ အကြီးအကဲ Mr. Dragan Aleksoski နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

        ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သော အဖွဲ့ အား ဩဂုတ်လ ၂၉ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာန အစည်းအဝေးခန်းမအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငှက်ဖျား ရောဂါ၊ တီဘီရောဂါနှင့် ခုခံကျကာလသား ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊  ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးဆောင်ရွက်နေသည့်ကိစ္စရပ်များ၊  မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကျန်းမာရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင် ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ရွှေ့ပြောင်းအလုပ်သမားကိစ္စများနှင့် လူကုန်ကူးခံရ သူများအားအကူအညီပေးရေးကိစ္စများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် လူကုန်ကူး ခံရသူများရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင် ရွက်မှုအခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး( UNOCHA)၏ ညှိနှိုင်း ပေါင်းစပ်မှုဖြင့် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းသင့်သူ များအတွက် လူသားချင်းစာနာမှုဆိုင်ရာပစ္စည်းများ ထောက်ပံ့ရေးအစီအစဉ်တွင် IOM မှ ပူးပေါင်းပါဝင်မှုများနှင့် IOM အဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင် ဗီဇာ ထောက်ခံချက်ပေးနိုင်ရေးကိစ္စရပ်များကို  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မှ အကြီးအကဲ Mr. Dragan Aleksoski နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါနှင့် ခုခံကျကာလသားရောဂါကာကွယ်ကုသရေးလုပ်ငန်း များ ပိုမိုပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရွှေ့ပြောင်းအလုပ်သမားကိစ္စများနှင့် လူကုန်ကူးခံရသူများအား အကူအညီပေးရေးကိစ္စများ၊ လူသားချင်းစာနာထောက် ထားမှုအကူအညီပေးရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နှင့် လူကုန်ကူးခံရသူများရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment