၂၀၂၃ ခုနှစ် တရုတ် - အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ် ကွေ့ရမ် မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၈ ရက်တွင် HowardJohnson Hotel တတိယ ထပ်ရှိ ဧည့်ခန်းမ၌ တရုတ် - အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ပါဝင်သည့်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။
ဩဂုတ်လ ၂၉ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့ရှိ ပြည်နယ်ခန်းမ၌ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ် -အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြော ကြားရာတွင်-
- တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ပညာရှင်များ ဖလှယ်ရန်၊ စွမ်းရည်မြှင့်တင်ပေးရန်နှင့် ယဉ်ကျေးမှုများ အပြန်အလှန်နားလည် စေရန်ရည်ရွယ်ပြီး ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံသားများ အခွင့်အလမ်းကောင်းရရှိစေရန် လမ်းဖွင့်ပေးခြင်းတို့ကို နှစ်နိုင်ငံအတူတကွ လက်တွဲဆောင်ရွက်ခဲ့ကြကြောင်း။
- မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များက မြန်မာကျောင်းသားကျောင်းသူများနှင့် မြန်မာ့ပညာရေးကို အကျိုးပြုရုံ သာမက မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုး ဖြစ်ထွန်းစေကြောင်း။
- ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အာဆီယံတို့သည် ရပ်ဝန်းနှင့်ပိုးလမ်းမအတွက် ဘုံကြွယ်ဝချမ်းသာမှုနှင့်အတူ ပိုမိုခိုင်မာသော ချစ်ကြည်လေးစားမှုကိုဖန်တီးနိုင်ပြီး လူသားအရင်းအနှီးဖွံ့ဖြိုး တိုးတက်မှုနှင့် ဒေသတစ်ဝန်းလုံး၏တိုးတက်မှုများကို တိုးမြှင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် 2023 China-ASEAN Language and Culture Forum ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားတွင် ခင်းကျင်းပြသထားသောပြခန်းများနှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ပြသထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၈-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးသည် တရုတ် - အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့် တွေ့ဆုံခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားခဲ့။
Add new comment