မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားများကို ဩဂုတ်လ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့ကျင်းပပြုလုပ်ရာတွင်-
-
ဩဂုတ်လ ၂၃ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ၌လည်းကောင်း။
-
ဩဂုတ်လ ၂၄ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့၌လည်းကောင်း။
-
ဩဂုတ်လ ၂၅ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနတို့၌လည်းကောင်း။
-
ဩဂုတ်လ ၂၈ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့၌လည်းကောင်း။
-
ဩဂုတ်လ ၂၉ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့။
Myanmar Electronic Voting Machine (MEVM) စက်ကို ရွေးကောက်ပွဲများတွင် အသုံးပြုဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိမည့်အပြင် နည်းပညာခေတ်၌ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အဆင့်အတန်းပြည့်မီသော ရွေးကောက်ပွဲများကို လွတ် လပ်မှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာရှိမှုတို့ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
အခမ်းအနားများသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၈-၂၀၂၃)
-
မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားများကို ဝန်ကြီးဌာနအသီးသီးတို့၌ ကျင်းပ ပြုလုပ်ခဲ့။
-
လက်တွေ့စမ်းသပ်ဆန္ဒမဲပေးသူများ၏ ဆန္ဒမဲပေးပြီး ပြန်လည်စစ်ဆေးကြည့်ရှုမှုများ အရ ဆန္ဒမဲပေးမှုများမှာ ရာနှုန်းပြည့်မှန်ကန်မှုရှိကြောင်း တွေ့ရှိရသည့်အတွက် MEVE စက်ဖြင့် ဆန္ဒမဲပေးခြင်းသည် မသမာမှုမရှိနိုင်။
-
ရိုက်နှိပ်ဖြန့်ဝေဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင် သည့်အပြင် ပယ်မဲများမရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်းများလည်း မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်။
Add new comment