စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၂၅ ရက်တွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁)၊ (၂) နှင့် မဲခေါင်အပြည်ပြည်ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း(ဝမ်ပုံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်-
-
ပို့ကုန်၊ သွင်းကုန်ကြေညာလွှာ(Export/ Import Declaration – ED/ ID)များ မှန်ကန်မှု ရှိစေရေးဌာနဆိုင်ရာ One Stop Service (OSS) အဖွဲ့များက စနစ်တကျစိစစ်စစ်ဆေးရန်။
-
သတ်မှတ်နယ်စပ်မြို့ကို ဖြတ်ကျော်၍ ပြည်တွင်းသို့ တင်သွင်းမည်ဆိုပါက သွင်းကုန်လုပ်ထုံးလုပ်နည်းများအတိုင်း သွင်းကုန်လိုင်စင်ရယူခြင်း၊ အခွန်အရပ်ရပ် ပေးဆောင်ခြင်းများ ဆောင်ရွက်ရေးတို့ကို စိစစ်ကြပ်မတ်ရန်နှင့် တရားမဝင် တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထားဆောင်ရွက်ရန်။
-
မဲခေါင်မြစ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းကိုစစ်ဆေးရာ၌ ကြန့်ကြာမှုမရှိစေရေးနှင့် မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ကျိုင်းလပ် (မြန်မာ)- ကျိုင်းခုတ်(လာအို) ချစ်ကြည်ရေးတံတားကို အသုံးပြု၍ မြန်မာ-လာအိုနှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဆင့်ခံဖြတ်သန်း ကုန်သွယ်မှု (Transit Trade) တိုးတက်ဖြစ်ထွန်းရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဒေသရှိတိုင်းရင်းသား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၂-၂၀၂၄)
-
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဒေသရှိ တိုင်းရင်းသားပို့ကုန်သွင်းကုန်/လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့။
Add new comment