အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀) ကြိမ်မြောက် အစည်းအဝေးကျင်းပ

          အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ဩဂုတ်လ ၂၆ ရက် မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်း ချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ဒုတိယဝန်ကြီးက-

  • ၂၀၂၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက်တွင် အာဆီယံအသိုက်အဝန်းသည်   အဖွဲ့ဝင်နိုင်ငံများအကြားသော်လည်းကောင်း၊ အာဆီယံနှင့် အခြားသောကမ္ဘာ့ နိုင်ငံများအကြားသော်လည်းကောင်း ဖွံ့ဖြိုးမှုကွာဟချက်လျော့ကျရေးသည် အလွန် အရေးပါကြောင်း။
  • အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းပေါင်းစပ် မှုများသည် သင့်တော်မျှတပြီး ခိုင်မာ၍ အပြန်အလှန်အကျိုးကျေးဇူးရှိစေမည့် စီးပွားဆက်သွယ်ရေးဖြစ်စေရန် အာဆီယံအချက်အချာကျမှု (ASEAN Centrality) ကို အခြေပြုဆောင်ရွက်ရန် တိုက်တွန်းကြောင်း အလေးထား ဆွေးနွေးခဲ့။

          အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေ နိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံ များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး လိုက်ပါတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၃)

 

  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်း ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် ဩဂုတ်လ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့။

Add new comment