၂၀၂၃ ခုနှစ် တရုတ် - အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၈ ရက်တွင် HowardJohnson Hotel တတိယ ထပ်ရှိ ဧည့်ခန်းမ၌ တရုတ် - အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ပါဝင်သည့်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် တရုတ်-အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့်အဖွဲ့ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ပညာရေး ဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကို အကောင်အထည်ဖော်ရန်ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ပါသည်။
ထို့နောက် ကွေ့ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး H.E. Mr.Li Bingjun ၊ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ကွေ့ကျိုးပြည်နယ်ဆိုင်ရာ အာဆီယံ နိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ကွေ့ကျိုးပြည်နယ် ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံပွဲကို အဆိုပါဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပညာရေးပူးပေါင်းဆောင်ရွက်နေမှုများ ကို မိတ်ဆက်ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညနေ ၆ နာရီတွင် တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်း အနားကျင်းပမည့် Howard Johnson Hotel ရှိ Colourful Guizhou Ballroom ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၃)
- တွေ့ဆုံရာတွင် တရုတ်-အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့်အဖွဲ့ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ပညာရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကို အကောင်အထည်ဖော်ရန် ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် အစီအစဉ်များကို အပြန် အလှန်ဆွေးနွေးခဲ့။
Add new comment