ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက်တီး၍ ဖွင့်လှစ်ပေးပြီး အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။
တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ကရင်တိုင်းရင်းသားရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်တိုင်းရင်းသားမောင်မယ်များက ချည်ဖြူဖွဲ့ပစ္စည်းများ သယ်ဆောင်နေရာချထားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များအား ချည်ဖြူဖွဲ့ပေးကြပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၉-၈-၂၀၂၃)
- ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့။
Add new comment