မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ တရုတ်လူမျိုးခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၊ မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း၊ မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်း၊ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဖွဲ့စည်းထားသော မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် တရုတ်ခရီးသွားဈေးကွက် ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဩဂုတ်လ ၂၈ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက-
- တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ခရီးသွားကုမ္ပဏီများအနေနှင့် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပြီး ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း။
- အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယ၊ ရုရှားကဲ့သို့ အလား အလာရှိသည့် ခရီးသွားဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက်လာ ရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့။
တက်ရောက်လာကြသည့် တာဝန်ရှိသူများက တရုတ်ခရီးသွားများ ပိုမိုဝင်ရောက် လာရေးအတွက် ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားပြပွဲများနှင့် မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းဆိုင်ရာ G2G ၊ B2B ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံနေရသည့်ကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ခေတ္တတပ်ဖွဲ့မှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်နယ်ရုံးခွဲများမှ တာဝန်ခံများက အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၉-၈-၂၀၂၃)
- တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ခရီး သွားကုမ္ပဏီများအနေနှင့် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပြီး ဝန်ကြီးဌာနအနေ ဖြင့်လည်း လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်။
- အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယ၊ ရုရှားကဲ့သို့ အလားအလာ ရှိသည့် ခရီးသွားဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက်လာရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်။
Add new comment