နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၁၈ ရက်အထိ လေးလကျော်ကာလ အတွင်း သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၉၄ သန်းရရှိထားပြီး နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၄၇ သန်းနှင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၁၄၇ သန်းရရှိထား။
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၁၈ ရက်အထိ လေးလခွဲကာလအတွင်း ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၅၃၀,၄၉၈ ဒသမ ၈၉၇ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၀ ဒသမ ၅၅၆ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ၁၀၅,၆၉၃ ဒသမ ၄၁၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၃၅၂ သန်း၊ စုစုပေါင်း ၆၃၆,၁၉၂ ဒသမ ၃၀၈ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၁၁ ဒသမ ၉၀၈ သန်းရရှိခဲ့။
မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်တောထွက်ပစ္စည်းအပြင် လယ်ယာထွက်ပစ္စည်း အပြင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်း ထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၈-၂၀၂၃)
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၁၈ ရက်အထိ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၉၄ သန်းရရှိထား။
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၁၈ ရက်အထိ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၆၃၆,၁၉၂ ဒသမ ၃၀၈ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၁၁ ဒသမ ၉၀၈ သန်းရရှိခဲ့။
Add new comment