ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

       တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားများကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့ရှိ တပ်နယ် ခန်းမများ၌ အသီးသီးကျင်းပခဲ့ရာ-

  • ဩဂုတ်လ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့ နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသော M-416 မောင်းပြန်သေနတ် ၁ လက်၊ M-16 ကျည်အိမ် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၂၅ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးတို့အား အပ်နှံခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီး လက်ခံခဲ့။

  • တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်အပြင် M-416 မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦး အား ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ လက်ပစ်ဗုံး ၁ လုံးဖြင့် ဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ ၃ သိန်းကျပ်စီ သီးခြားထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်းငွေကျပ် ၂၅၃ သိန်း၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ် မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေး ထုတ်ပြန်ထားပြီး ဩဂုတ်လ ၂၇ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၀၂ ဦးနှင့် အမျိုးသမီး ၁၄၆ ဦး၊ စုစုပေါင်း ၆၄၈ ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၂၈-၈-၂၀၂၃)

 

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ PDF အဖွဲ့ဝင် ၁၀ ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁ ဦးလျှင် သိန်း ၂၀ ကျပ်အပြင် M-416 မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ လက်ပစ်ဗုံး ၁ လုံးဖြင့် ဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ ၃ သိန်းကျပ်စီ သီးခြားထောက်ပံ့ပေးခဲ့။

  • ဩဂုတ်လ ၂၇ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၀၂ ဦးနှင့် အမျိုးသမီး ၁၄၆ ဦး၊ စုစုပေါင်း ၆၄၈ ဦးရှိပြီဖြစ်

Add new comment