နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ်လ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားရာတွင်-
-
ပုဂံ၊ ညောင်ဦးဒေသသည် ပြည်တွင်း၊ ပြည်ပ ကမ္ဘာလှည့်ခရီးသွားများ လာရောက် မှုများပြားသည့်မြို့ဖြစ်သဖြင့် ယခုထက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုပြီး ပြည်တွင်း၊ ပြည်ပခရီးသွားကို ပိုမိုဆွဲဆောင်နိုင်သည့် ဒေသတစ်ခုဖြစ်စေရေး အတွက်လည်း ဖန်တီးဆောင်ရွက်ရန်လိုကြောင်း။
-
ပုဂံဒေသအတွင်းရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲ စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရှေးမူမပြတ်စေဘဲ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက် ရန်လိုကြောင်း။
-
စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း ခရိုင် များ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း။
-
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် ဥပဒေကို အကျွမ်းတဝင်ရှိရန်၊ နားလည်ရန်လိုသည့်အတွက် တက္ကသိုလ်များ၌ ဥပဒေဘာသာရပ်များနှင့် လူမှု စီးပွားဘဝတိုးတက်ရေးအတွက် စီးပွားရေးအမြင်ရှိရန်လိုသဖြင့် စီးပွားရေး ဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း။
-
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်သည့် ရေအရင်းအမြစ်များရှိပြီး မြစ်ရေများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း။
-
ပုဂံညောင်ဦးဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများရှိစေရေး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ၊ နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သည်များကို မြို့မိမြို့ဖများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းဘုရားများနှင့် ယဉ်ကျေးမှုနယ်မြေများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပို့ဆောင်ရွက်ပေးစေလိုမှု၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ယခုထက်တိုးတက်အောင် ဆောင်ရွက်ပေး စေလိုမှု၊ ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များနှင့် ကျန်းမာရေးဝန်ထမ်း များလိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှု၊ ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားရေးအတွက် လိုအပ်မှုရှိသည့် အခြေခံပညာကျောင်းများ၌ ကျောင်းဆောင် များတိုးချဲ့ဆောက်လုပ်ပေးစေလိုမှု၊ ပုဂံဒေသသို့ ခရီးသွားများ ပိုမိုလာရောက်လည်ပတ် နိုင်ရေး ညောင်ဦးလေဆိပ်သို့ နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရေး ဆောင်ရွက်ပေးစေလိုမှုတို့ကို အသီးသီးဆွေးနွေးပြောကြားကြပြီး ညောင်ဦးခရိုင်၊ ပခုက္ကူ ခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန် ရှိသူများက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို အသီးသီးတင်ပြခဲ့ပါသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က
-
မိမိတို့နိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုမရှိစေရေး နိုင်ငံရေးအရ အကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်မှုများရှိခြင်းကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း။
-
လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားသူများဆောင်ရွက်သည့် အောင်မြင်ပြီး လုပ်ငန်းများကို လိုက်လံဆောင်ရွက်ခြင်းထက် မိမိတို့ ကိုယ်ပိုင်အတွေးအခေါ် များဖြင့် အခြားလုပ်ငန်းအသစ်များကို ဆောင်ရွက်ကြရန်လည်းလိုကြောင်း။
-
ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် ပုဂံဒေသသည် မိုးရွာရက်နည်းပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ရန် လိုကြောင်း။
-
ပုဂံ-ညောင်ဦးလေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်း ကြောင့် ပြည်ပမှ လေယာဉ်ကြီးများတိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင် ကြောင်း၊ ထို့ကြောင့် ရေရှည်အတွက်အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံ တကာလေဆိပ် အဖြစ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
-
ပုဂံမြို့ရေလုံလောက်စွာရရှိရေးအတွက် ဧရာဝတီမြစ်မှရေများကို နေရောင် ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်၍ ရေသန့်စင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ပြီး ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း။
-
ဒေသတွင်းစားရေး နှင့် ပတ်သက်၍ ဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဦးလှမိုးတို့က တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်၊ မကွေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု များကို တင်ပြခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
-
မိမိတို့နိုင်ငံသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အများဆုံးဆောင်ရွက်ကြကြောင်း။
-
(MSME) လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကုန်ကြမ်းများလိုအပ်ပြီး ဒေသတွင်း ရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန် ကုန်ကြမ်းများကိုအခြေခံသည့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း။
-
မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယခင်က ဝါစိုက်ပျိုးမှု များကို အဓိကဆောင်ရွက်ခဲ့ကြပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဝါစိုက်ပျိုးမှုများ လျော့နည်းခဲ့သဖြင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ဝါစိုက်ပျိုးမှု များကို အားပေး ဆောင်ရွက်ခဲ့ကြောင်း။
-
ဝါစိုက်ပျိုးမှုများဆောင်ရွက်ရာတွင် ချည်ချောများထုတ်လုပ်နိုင်သည့် ချည်မျှင် ရှည်ဝါများ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ တိုင်းပြည်၏ ဝါလိုအပ်ချက်ကို မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဖြည့်ဆည်းပေးရန်လိုကြောင်း။
-
တည်ငြိမ်အေးချမ်းသည့်ဒေသများသည် ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး လက်နက် ကိုင်၍ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၂)
-
ပုဂံ၊ ညောင်ဦးဒေသသည် ပြည်တွင်း၊ ပြည်ပကမ္ဘာလှည့်ခရီးသွားများ လာရောက် မှုများပြားသည့်မြို့ဖြစ်သဖြင့် ယခုထက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုပြီး ပြည်တွင်း၊ ပြည်ပခရီးသွားကို ပိုမိုဆွဲဆောင်နိုင်သည့် ဒေသတစ်ခုဖြစ်စေရေး အတွက်လည်း ဖန်တီးဆောင်ရွက်ရန်လို။
-
ပုဂံဒေသအတွင်းရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲ စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရှေးမူမပြတ်စေဘဲ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက် ရန်လို။
-
လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားသူများဆောင်ရွက်သည့် အောင်မြင်ပြီး လုပ်ငန်းများကို လိုက်လံဆောင်ရွက်ခြင်းထက် မိမိတို့ ကိုယ်ပိုင်အတွေးအခေါ် များဖြင့် အခြားလုပ်ငန်းအသစ်များကို ဆောင်ရွက်ကြရန်လည်းလို။
-
ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် ပုဂံဒေသသည် မိုးရွာရက်နည်းပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ရန်လို။
-
ပုဂံ-ညောင်ဦးလေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်း ကြောင့် ပြည်ပမှလေယာဉ်ကြီးများ တိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင် သောကြောင့် ရေရှည်အတွက်အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံတကာ လေဆိပ် အဖြစ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ။
-
ပုဂံမြို့ရေလုံလောက်စွာရရှိရေးအတွက် ဧရာဝတီမြစ်မှရေများကို နေရောင်ခြည် စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်၍ ရေသန့်စင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်။
Add new comment