နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံဘုရားများအား ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေး

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၂၇ ရက်တွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များသည် အာနန္ဒာဘုရား၊ စူဋ္ဌာမဏိဂူဘုရားကြီးနှင့် ထီးလိုမင်းလိုဘုရားကြီးများသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ဘုရားကြီးများ၏ ပရိဝုဏ်နှင့် အပြင်ပရိဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများ၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင် ရောက်ခဲ့ပြီး ရေဝပ်မှုများဖြစ်ပေါ်ခဲ့သည့် စူဋ္ဌာမဏိဂူဘုရားကြီးအား ပြုပြင်ထိန်းသိမ်း ထားရှိမှုနှင့် ဘုရားကြီးပုရိဝုဏ်အတွင်း မြေညှိခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများ၊ ထီးလိုမင်းလိုဘုရားကြီးအတွင်း၊ အပြင်နှင့် အထက်ပစ္စယံတို့၌ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား၊ စူဋ္ဌာမဏိဂူဘုရား ကြီးနှင့် ထီးလိုမင်းလိုဘုရားကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်ထိန်း သိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်းကပင် အရည်အသွေးမြင့်မား ခဲ့ရာ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ် တကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လို‌ပြီး သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးမှုများ မရှိစေရေး လိုအပ်သည့်ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း။
  • မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိမည်ဖြစ်ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများသို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူတို့သည်လည်း အများအပြားလာရောက်ကြ မည်ဖြစ်သောကြောင့် စေတီပုထိုးများကို သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုသပ္ပါယ် ဖြစ်အောင် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • အာနန္ဒာဘုရားကြီးအပါအဝင် ရှေးဟောင်းစေတီပုထိုးများအား ပြုပြင်ထိန်းသိမ်း ရာတွင် အရည်အသွေးကောင်းမွန်သည့် အပေါ်ခံဆေးသုတ်ထားခြင်းဖြင့် ရာသီဥတုကြောင့် ပျက်စီးမည့်ဒဏ်ကို ခံနိုင်မည်ဖြစ်ပြီး ရေဝင်ပျက်စီးမှုများကို လည်း ခံနိုင်မည်ဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ စဉ်းစားဆောင် ရွက်ကြစေလိုကြောင်း။
  • စူဋ္ဌာမဏိဂူဘုရားကြီး၏ အတွင်းအပြင်အား ထိန်းသိမ်းရာတွင် သမိုင်းဝင် တန်ဖိုးကြီး အမွေအနှစ်ဖြစ်သည့်အတွက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး မူလရင်ပြင်တော်ကိုလည်း ယခုအခြေအနေမှ တဖြည်းဖြည်း စနစ်တကျ ဖော်ထုတ် သွားရန်လိုကြောင်းနှင့် ရှေးဟောင်းလက်ရာ နံရံဆေးရေး ပန်းချီများ ရေရှည် တည်တံ့စေရေးအတွက် မှန်ဖြင့် ကာရံနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။
  • ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်မည်ဖြစ်ပြီး ပုဂံဒေသ၏ အလှ အပများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် လူဦးရေအကန့်အသတ်၊ အချိန် အကန့်အသတ်တို့ဖြင့် ပြန်လည်တက်ရောက် ကြည်ညိုခွင့်ပြုပေးနိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဘက်စုံအလှူငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းစာ အုပ်များတွင် လက်မှတ်ရေးထိုးပူဇော်ခဲ့ပါသည်။

ထို့ပြင် ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူများအားတွေ့ဆုံကာ ရုပ်ပွားတော်မြတ်ကြီး အား လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူ များ စိတ်လက်ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေး လိုအပ်သည်များ စီမံဆောင်ရွက်ထား ရှိရန်၊ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက် အဦများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး၊ သန့်ရှင်းသာယာပြီး ကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် လိုအပ်သည့် ထိန်းသိမ်းမှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်းနှင့် သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၈-၂၀၂၃)

 

  •  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များသည် အာနန္ဒာဘုရား၊ စူဋ္ဌာမဏိဂူဘုရားကြီးနှင့် ထီးလိုမင်းလိုဘုရားကြီးများသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ပြုပြင်ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့။
  • မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်းကပင် အရည်အသွေးမြင့်မားခဲ့ရာ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျ နှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လို‌၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများမရှိစေရေး လိုအပ်သည့်ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်။
  • အာနန္ဒာဘုရားကြီးအပါအဝင် ရှေးဟောင်းစေတီပုထိုးများအား ပြုပြင်ထိန်းသိမ်း ရာတွင် အရည်အသွေးကောင်းမွန်သည့် အပေါ်ခံဆေးသုတ်ထားခြင်းဖြင့် ရာသီဥတု ကြောင့် ပျက်စီးမည့်ဒဏ်ကို ခံနိုင်မည်ဖြစ်ပြီး ရေဝင်ပျက်စီးမှုများကိုလည်း ခံနိုင် မည်ဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ စဉ်းစားဆောင်ရွက်ကြစေလို။
  • စူဋ္ဌာမဏိဂူဘုရားကြီး အတွင်းအပြင်အား ထိန်းသိမ်းရာတွင် သမိုင်းဝင် တန်ဖိုးကြီး အမွေအနှစ်ဖြစ်သည့်အတွက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး မူလရင်ပြင်တော်ကိုလည်း ယခုအခြေအနေမှ တဖြည်းဖြည်း စနစ်တကျ ဖော်ထုတ် သွားရန်လို၊ ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ရေရှည် တည်တံ့စေရေး အတွက် မှန်ဖြင့်ကာရံနိုင်ရေး ဆောင်ရွက်သွားရန်လို။
  • ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်မည်ဖြစ်ပြီး ပုဂံဒေသ၏ အလှ အပများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် လူဦးရေအကန့်အသတ်၊ အချိန် အကန့်အသတ်တို့ဖြင့် ပြန်လည်တက်ရောက် ကြည်ညိုခွင့်ပြုပေးနိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လို။

Add new comment