ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ ၇ ရက်တွင် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ရှိ မိုင်တိုင် အမှတ် ၁၄၉ မိုင် နှင့် ၅ ဖာလုံအကြားနေရာ၌ လမ်းမြေသားပြတ်ထွက် မြေပြိုကျမှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနအောက်ရှိ အဖွဲ့များအနေဖြင့် လိုအပ်သည့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို ဩဂုတ်လ ၁၀ ရက်နေ့မှ စတင်၍ ယာဉ်၊ ယန္တရားများဖြင့် အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ အရှည် ၇၀ ပေ၊ တံတားအကျယ် ၁၉ ပေ ၁၀ လက်မ၊ ယာဉ်သွားလမ်းအကျယ် ၁၃ ပေ ၈ လက်မ၊ တံတားခံနိုင်ဝန် ၅၅ တန်၊ သုံးလွှာတစ်ထပ်ဘေလီသံဘောင်တံတား တည် ဆောက်ခြင်း၊ ကျောက်ခင်းခြင်း၊ မူလရှောင်ကွင်းလမ်း၏ လမ်းပုခုံးမြေသားကပ်ခြင်း လုပ်ငန်းများအား ဩဂုတ်လ ၂၄ ရက်တွင် ပြီးစီးခဲ့သဖြင့် ဩဂုတ်လ ၂၅ ရက်မှစ၍ မူလရှောင်ကွင်းလမ်းနှင့် ဘေလီသံဘောင်တံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်းနှင့် အဆိုပါ ကော့ကရိတ်-မြဝတီ အာရှလမ်းမတစ်လျှောက် လမ်းပြိုကျပျက်စီးခဲ့သည့် နေရာများအား အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်နိုင် ရေး လိုအပ်သည့်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၈-၂၀၂၃)
|
Add new comment