ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေး ဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး တို့သို့ တက်ရောက်ခဲ့ပြီး ဩဂုတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ ပါသည်။
ဩဂုတ်လ ၂၄ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေး ဝန်ကြီးများ ပူးတွဲအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-
- ကပ်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် ကပ်ရောဂါ၏ ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရ ကြောင်း၊
- “လူ့အသက်ထက် အရေးကြီးတာမရှိ” ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မူဝါဒနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ စေတနာရှင်များ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကပ်ရောဂါကို အောင်မြင်စွာ ကျော် လွှားနိုင်ခဲ့ကြောင်း၊
- မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး လုပ် ငန်းများနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်ပူးပေါင်း၍ ကျန်းမာရေးစနစ် ခိုင်မာစေရေးလုပ်ငန်းများကို စည်းလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
ဩဂုတ်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်ခဲ့ရာ ASEAN Political Security Community ဆိုင်ရာ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့က အာဆီယံပြည်သူ့ကျန်းမာရေး အရေးပေါ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး အာဆီယံလုပ်ငန်းညှိနှိုင်းရေးကောင်စီ၏ ဆုံးဖြတ်ချက် များ၊ အာဆီယံဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူပေါင်းဆောင်ရွက် ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံရန်ပုံငွေဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြ ပါသည်။
ဩဂုတ်လ ၂၅ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-
- ၂၀၂၁ ခုနှစ်မှစတင်၍ ရောဂါပိုးများ၏ မျိုးရိုးဗီဇစောင့်ကြည့်ခြင်းစနစ် (Genomic Surveillance System) ကိုလည်း အားကောင်းစေရန်စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိတွင် ပြည်တွင်း၌ မျိုးရိုးဗီဇပြောင်းလဲမှုအသစ်များကို ရှာဖွေစမ်းသပ်စစ်ဆေး အတည်ပြုနိုင်ပြီဖြစ်ပါကြောင်း၊
- မြန်မာကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) ကိုလည်း နေပြည်တော်တွင်တည်ဆောက်နေသည်မှာ ပြီးစီး တော့မည်ဖြစ်၍ မကြာမီကာလအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအဆင့်မီ ကူး စက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးစင်တာတစ်ခု ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီး နောင်ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ကပ်ရောဂါများ၊ ကူးစက်ရောဂါများ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် အထူးအရေးပါသည့်ဌာနတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ကတိကဝတ်ပြုထားသည့် အကူအညီအထောက်အပံ့များ အနည်းငယ်သာရရှိခဲ့ပါကြောင်း၊
- အာဆီယံအဖွဲ့ကြီးအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ကူညီပံ့ပိုးမှု များအား အဖွဲ့ဝင်နိုင်ငံများအပေါ် ခွဲခြားဆက်ဆံမှုမရှိစေဘဲ တန်းတူညီမျှရရှိရေး အား ASEAN Equality, ASEAN Centrality နှင့်အညီသာ ဆောင်ရွက်သင့်ပါ ကြောင်း ဆွေးနွေးပြောကြားပြီးနောက် လာမည့်အာဆီယံထိပ်သီးအစည်းအဝေး တွင် အတည်ပြုနိုင်ရေး တင်သွင်းမည့် တိုက်တွန်းနှိုးဆော်ချက် (Call for Action) ကို အတည်ပြုခဲ့ကြပါသည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ကျန်း မာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ African Union၊ 2023 G 20 Health Working Group၊ WHO South East Asia Region၊ 2023 G7 Health Working Group၊ APEC အဖွဲ့ဝင်နိုင်ငံများ၊ World Bank၊ ADB၊ GAVI၊ CEPI အဖွဲ့များမှ ပညာရှင်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများမှ သံအမတ် ကြီးများနှင့် တာဝန်ရှိသူများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျန်း မာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၈-၂၀၂၃)
- မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်း များနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့်ပူးပေါင်း၍ ကျန်းမာရေးစနစ် ခိုင်မာစေရေးလုပ်ငန်းများကို စည်းလုံးညီညွတ် စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။
- လက်ရှိတွင် ပြည်တွင်း၌ မျိုးရိုးဗီဇပြောင်းလဲမှုအသစ်များကို ရှာဖွေစမ်းသပ်စစ်ဆေး အတည်ပြုနိုင်ပြီဖြစ်။
- မြန်မာကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) ကိုလည်း နေပြည်တော်တွင်တည်ဆောက်နေသည်မှာ ပြီးစီး တော့မည်ဖြစ်၍ မကြာမီကာလအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအဆင့်မီ ကူး စက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးစင်တာတစ်ခု ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီး နောင်ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ကပ်ရောဂါများ၊ ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အထူးအရေးပါသည့်ဌာနတစ်ခု ဖြစ်လာမည်ဖြစ်။
- အာဆီယံအဖွဲ့ကြီးအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ကူညီပံ့ပိုးမှု များအား အဖွဲ့ဝင်နိုင်ငံများအပေါ် ခွဲခြားဆက်ဆံမှုမရှိစေဘဲ တန်းတူညီမျှရရှိရေး အား ASEAN Equality, ASEAN Centrality နှင့်အညီသာ ဆောင်ရွက်သင့်။
Add new comment