ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃) ကို ဩဂုတ်လ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်-

  • စီးပွားရေးတွင် ပြည်တွင်းစီးပွားရေးနှင့် ပြည်ပစီးပွားရေးနှစ်ခုရှိကြောင်း၊ ကိုဗစ် ကာလအတွင်း ကုန်ထုတ်လုပ်မှုများအားနည်းခဲ့သည့်အပြင် ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းရပ်များတွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း။

  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအရသဘောထားကွဲလွဲမှုကြောင့် ဆူပူဆန္ဒပြမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ကုန်ထုတ်လုပ်မှုများ ကျဆင်းခြင်း၊ ကုန် သွယ်ရေးလမ်းကြောင်းများ၊ သင်္ဘောများကုန်တင်ရန် ကြံ့ကြာခြင်းများဖြစ်ခဲ့ ကြောင်း။

  • ယခင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုလိုငွေများရှိခဲ့ပြီး အစိုးရ တစ်ဆက်လျှင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ခန့်စီ ရှိပြီး စုစုပေါင်း ၂၅ ဘီလီယံခန့် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ကြောင်းနှင့် ၎င်းလိုငွေ များကို ထောက်ပံ့ကူညီမှုနှင့် ချေးငွေရယူမှုတို့ဖြင့်သာ ကျားကန်ရပ်တည်ခဲ့ ကြောင်း။

  • ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် ကုန်ထုတ်လုပ်မှုထိခိုက်ပြီး ပို့ကုန်များကျဆင်းခဲ့ကြောင်းနှင့် ဝိုင်းဝန်းပိတ်ဆို့မှု ဖျက်လိုဖျက်ဆီးလုပ်မှုများ အကြားမှ နိုင်ငံ့စီးပွားရေးကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်း။

  • ၂၀၁၉-၂၀၂၀ ခုနှစ်တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း မှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက် ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ GDP ၉ ရာခိုင်နှုန်းအထက်ရှိအောင် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

  • ၎င်းကာလအတွင်း၌ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင် အဆောက်အဦများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့သောကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌ သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက် မရခဲ့သည်ကို ပြည်သူများအားလုံး သိရှိရန်လိုကြောင်း။

  • မိမိတို့နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်း မြှင့်တင်ရန်လည်း ဆောင်ရွက်ခဲ့ကြောင်း။

  • ပြည်တွင်းလိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးခန့် တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများပြားလျက်ရှိ ကြောင်း။

  • မိမိတို့အနေဖြင့် စားသုံးဆီထုတ်လုပ်မှုများ မြင့်မားလာစေရေး နိုင်ငံ့စီးပွား ရန်ပုံငွေများထုတ်ပေး၍  ပြည်တွင်းဆီထုတ်လုပ်မှုမြှင့်တင်ကာ ၂၀၂၅ ခုနှစ်တွင် Exporter အဆင့်သို့ရောက်ရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း။

  • မိမိတို့ရသင့်ရထိုက်သည့် နိုင်ငံခြားငွေများကိုမရရှိအောင် နည်းအမျိုးမျိုးဖြင့် ထားဆီးထားပြီး စီးပွားရေးအကျပ်အတည်းဖြစ်အောင် ဆောင်ရွက်ခဲ့မှုများရှိ သဖြင့် ဝင်ငွေ၊ ထွက်ငွေမျှတမှုရှိစေရေး နိုင်ငံနှင့်ပြည်သူလူထုအတွက် အရေးကြီး သည့် ကုန်စည်တင်သွင်းခြင်းနှင့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့ရ ကြောင်း။

  • အဆိုပါအခြေအနေအပေါ်တွင် သတင်းမှားများဖန်တီးခဲ့ပြီး ကုန်ဈေးနှုန်းများကို ဆွဲတင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး အတွက်လိုအပ်သော စက်သုံးဆီနှင့် မြေဩဇာများလုံလောက်စွာရရှိရေးနှင့် အချိန်မီရရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော်လည်း ဈေးနှုန်းကြီးမြင့်မှုများ ရှိနေခြင်းသည် ဥပမာတစ်ခုပင်ဖြစ်ကြောင်း။

  • ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေး ကစားနေမှုများရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

  • ငွေကြေးဈေးကွက်ကို အဓိကကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံ ခြားငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း။

  • တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ် အရေးယူလျက်ရှိကြောင်း။

  • တရားမဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှု များကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူ ဆောင်ရွက်ရန်လိုကြောင်း။

  • မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရ စတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ရာ ဘဏ်စနစ်ပြိုလဲသွားပါက တိုင်းပြည်စီးပွားရေး ပြိုလဲသွားနိုင်သဖြင့် မိမိကိုယ်တိုင် တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည် မှုများ ဆောင်ရွက်ပေးခဲ့ရကြောင်း။

  • နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယရှိဖွယ်များ တွေ့ရှိရကြောင်း၊ သတင်းစာရှင်းလင်း ပွဲများ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့သောဘဏ်များ အနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှုမရှိသည်ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း။

  • မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များရှိပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မှုမရှိခဲ့သဖြင့် တိုးတက်မှု များနည်းပါးခဲ့ကြောင်း။

  • အထူးစီးပွားရေးဇုန်များဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူး စီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း။

  • စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုယ်ကျိုးသက်သက်ကိုသာ ဦးစား ပေးသည့် ဝိသမလောဘသမားများရှိသကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေသည့် စီးပွားရေးလုပ်ငန်းရှင်များလည်းရှိကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်အနေဖြင့် အားပေးချီးမြှင့်မှု (Incentive) များ လုပ်ဆောင်ပေးရန်လို ကြောင်း။

  • ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရအနေဖြင့် ဝင်ရောက်ကိုင်တွယ်မှုကို လျှော့နိုင် သမျှလျှော့ရမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားရေးပျက်ယွင်းအောင် ဆောင်ရွက်နေမှု များကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်းညှိ ဆောင်ရွက်ပေးနေရခြင်း ဖြစ်ကြောင်း။

  • မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ပြည်ပဝင်ငွေရရှိအောင် ဆောင်ရွက်ပေး နေမှုများ၊ နိုင်ငံတော်အတွက် လိုအပ်သည့်ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေမှု များအပေါ် အကောင်းဆုံးဖြစ်အောင်စဉ်းစား၍ အားပေးချီးမြှင့်မှု (Incentive) များ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

  • မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဇုန်များ၊ စက်မှုဇုန်ကိုသတ်မှတ်၍ မြေနေရာများချပေးထားကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာချထားပေးသည့် မြေနေရာများကိုလည်း အမှန်တကယ်အသုံးပြုရန်လိုကြောင်း။

  • မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုကြောင်း။

  • ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီး ဌာနများအလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါဝန်ဆောင်မှု လုပ်ငန်းများတွင် ဘဏ်စနစ်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များ ကောင်းမွန်နေရန် လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အားလုံးမှအမြင်ကျယ်ကျယ်ဖြင့် ရှုမြင်သုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း။

  • နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အတွက် စီးပွားရေးဇုန်များဖြင့် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးပင် ဖြစ်ကြောင်း။

  • ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေးသည်လည်း အရေးကြီးကြောင်း၊ လမ်းခရီး တစ်လျှောက် မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေး အတွက်လည်း တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက် နေရန်လိုကြောင်း။

  • နယ်စပ်ဒေသကုန်သွယ်မှုများ ဆောင်ရွက်ရာတွင်လည်း လမ်းကြောင်းတစ်ခု တည်းကို အဓိကထားအသုံးပြုခြင်းထက် အခြားလမ်းကြောင်းများကိုလည်း စဉ်းစားဆောင်ရွက်ထားရန်လိုကြောင်းနှင့် ကန်ပိုက်တီး၊ မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မြဝတီနယ်စပ် ကုန်သွယ်မှုစခန်းများကို အဆင့်မြှင့်တင်သွားရန် လိုကြောင်း။

  • နယ်စပ်ဒေသကုန်သွယ်ရေးအတွက် ကားလမ်းကို အသုံးပြုလျက်ရှိသကဲ့သို့ မီးရထားလမ်းများ ဖောက်လုပ်နိုင်ရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံခြားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဆောင်ရွက်သင့် သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး ရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၈-၂၀၂၂)

 

  • ယခင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုလိုငွေများရှိခဲ့ပြီး အစိုးရ တစ်ဆက်လျှင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ခန့်စီရှိပြီး စုစုပေါင်း ၂၅ ဘီလီယံခန့် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရ၊ ၎င်းလိုငွေများကို ထောက်ပံ့ ကူညီမှုနှင့် ချေးငွေရယူမှုတို့ဖြင့်သာ ကျားကန်ရပ်တည်ခဲ့။

  • ၂၀၁၉-၂၀၂၀ ခုနှစ်တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက် ရရှိအောင်ဆောင်ရွက်နိုင်ခဲ့၊ GDP  ၉ ရာခိုင်နှုန်းအထက်ရှိအောင် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်။

  • မိမိတို့အနေဖြင့် စားသုံးဆီထုတ်လုပ်မှုများ မြင့်မားလာစေရေး နိုင်ငံ့စီးပွား ရန်ပုံငွေ များထုတ်ပေး၍  ပြည်တွင်းဆီထုတ်လုပ်မှုမြှင့်တင်ကာ ၂၀၂၅ ခုနှစ်တွင် Exporter အဆင့်သို့ရောက်ရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိ။

  • တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ် အရေးယူလျက်ရှိ။

  • မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရ စတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ရာ ဘဏ်စနစ်ပြိုလဲသွားပါက တိုင်းပြည်စီးပွားရေး ပြိုလဲသွားနိုင်သဖြင့် မိမိကိုယ်တိုင် တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည် မှုများ ဆောင်ရွက်ပေးခဲ့ရ။

  • ယခုအချိန်အထိ အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက် မှုမရှိသည်ကို တွေ့နေရပြီး ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်။

  • အထူးစီးပွားရေးဇုန်များဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူး စီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှုအမြန်ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်။

  • လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အဦများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့သောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌ သုံးခဲ့ရ သဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက် မရခဲ့သည်ကို ပြည်သူများအားလုံး သိရှိရန်လို။

  • ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေး ကစားနေမှုများရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လို။

  • မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရ စတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ရာ ဘဏ်စနစ်ပြိုလဲသွားပါက တိုင်းပြည်စီးပွားရေး ပြိုလဲ သွားနိုင်သဖြင့် မိမိကိုယ်တိုင် တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင်ရွက်ပေးခဲ့ရ။

  • နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အတွက် စီးပွားရေးဇုန်များဖြင့် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်။

  • နယ်စပ်ဒေသကုန်သွယ်ရေးအတွက် ကားလမ်းကို အသုံးပြုလျက်ရှိသကဲ့သို့ မီးရထားလမ်းများ ဖောက်လုပ်နိုင်ရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လို။

Add new comment