(၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၁၈) ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများ ကျင်းပ

         အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ (၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများအ ဆင့်အစည်းအဝေး၊ (၁၈)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကို လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိကျင်းပရာ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင် ရေးရာဝန်ကြီးများ၊ အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက-

  • သစ်တောသယံဇာတထိန်းသိမ်းရေးသည် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများတွင် နေရောင်ခြည်စွမ်းအင်၊ ရေအား လျှပ်စစ်စသည့် အသေးစားပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းများ ဖော်ဆောင်ခြင်းကို တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် စွမ်းအင်အတွက် သစ်တောများအပေါ် မှီခိုနေ ရမှုကို လျှော့ချနိုင်ပြီး ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုနှင့် သစ်တော ထိန်းသိမ်းခြင်းတို့ကို အထောက်အကူပြုလျက်ရှိကြောင်း၊ ယခုအစည်းအဝေးမှ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေ ရှင်းနိုင်ပြီး အာဆီယံအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း။

  • နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်း ရေးဗဟိုဌာနတည်ထောင်ရေးကို မြန်မာနိုင်ငံမှ အပြည့်အဝထောက်ခံပြီး အမြန် ဆုံးလက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသတွင်း မီးခိုးမြူ ငွေ့ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်များအား အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

  • ကမ္ဘာလုံးဆိုင်ရာ သုံးပွင့်ဆိုင်အကြပ်အတည်းဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ ဇီဝ မျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ကွယ်မှုနှင့် ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံမှအဆိုပြုသည့် အာဆီယံရာသီဥတုနှင့် ပတ်ဝန်းကျင်ရေး ရာ မဟာဗျူဟာလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံကြောင်းနှင့် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

  • မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျော ညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၃၀)တွင် စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်သဏ္ဍ၊ သစ်တောမြေနှင့်အခြားမြေ အ သုံးချမှုကဏ္ဍ၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးမှုကဏ္ဍများတွင် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့။

အစည်းအဝေးများတွင် ဒေသတွင်းပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၌ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ နိုဝင်ဘာလအတွင်း ယူအေအီးနိုင်ငံတွင်ကျင်းပမည့် UNFCCC COP 28 သို့ အာဆီယံမှတင်သွင်းမည့် အာဆီယံနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဆိုင် ရာပူးတွဲကြေညာစာတမ်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင် ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန တည်ထောင်ရေးစာချုပ်အား အာဆီယံအတွင်းရေးမှူး ချုပ်ရုံးသို့ လွှဲပြောင်းမည့်အခြေအနေများကို ဆွေးနွေးခဲ့ပြီး အာဆီယံ-အမေရိကန် ပတ်ဝန်း ကျင်နှင့် ရာသီဥတုဆိုင်ရာလုပ်ငန်းစဉ်များဖြစ်သော ဒေသတွင်းနှင့်နိုင်ငံအလိုက် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များကို မြှင့်တင်ဆောင်ရွက်ရန်၊ ကာဗွန်ထုတ်လွှတ်မှု နည်းသောအနာဂတ်ဖြစ်ပေါ်စေရေး တီထွင်ဆန်းသစ်မှုများကို အားပေးရန်၊ ရာသီဥတု ပြောင်းလဲမှုရန်ပုံငွေများ မြှင့်တင်ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ထောက်ပံ့ရန်စသည်တို့ ကို အတည်ပြုခဲ့ပါသည်။

အာဆီယံသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ချန်ပီယံဆုပေးပွဲနှင့် ညစာစားပွဲအခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံမှ အာဆီယံသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (၂၀၂၃)ကို မူလတန်း အဆင့်အတွက် အခြေခံပညာမူလတန်းကျောင်း (ဒေါင့်ကွေး) ဒေါင့်ကွေးကျေးရွာ ကျောင်းကုန်းမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနှင့်အထက်တန်းအဆင့်အတွက် အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း မြစ်ကြီးနားမြို့ ကချင်ပြည်နယ်တို့ကရရှိပြီး အာဆီယံ လူငယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ချန်ပီယံဆု (၂၀၂၃) ကို Senior Category မှ ဒေါက်တာကောင်းထက်စွမ်း ကရရှိရာ ဆုများကို မြန်မာကိုယ်စားလှယ်အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၈-၂၀၂၃)

 

  • သစ်တောသယံဇာတထိန်းသိမ်းရေးသည် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်၊ ကျေးလက်ဒေသများတွင် နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်စ သည့် အသေးစားပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းများ ဖော်ဆောင်ခြင်းကို တွန်းအား ပေးဆောင်ရွက်ခြင်းဖြင့် စွမ်းအင်အတွက် သစ်တောများအပေါ် မှီခိုနေရမှုကို လျှော့ ချနိုင်ပြီး ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုနှင့် သစ်တောထိန်းသိမ်း ခြင်းတို့ကို အထောက်အကူပြုလျက်ရှိ။

  • နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်း ရေးဗဟိုဌာန တည်ထောင်ရေးကို မြန်မာနိုင်ငံမှ အပြည့်အဝထောက်ခံပြီး အမြန် ဆုံးလက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိ၊ ဒေသတွင်း မီးခိုးမြူငွေ့ ညစ်ညမ်း မှု လျှော့ချရေးလုပ်ငန်းစဉ်များအား အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်။

Add new comment