ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ်ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့

         ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအထိမ်းအမှတ် အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ (ငြိမ်း)တို့အကြား၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာ မွန်းဝီနိုင်းတို့အကြား ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သဝဏ်လွှာကောက်နုတ်ချက် မှာ-

  • မိမိတို့၏ ထူးခြားမှုရှိသော နွေးထွေးသည့်ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ် လိုက်သည့်အားလျော်စွာ မိမိတို့၏ စုပေါင်းစွမ်းအားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးနှင့်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုအပါအဝင် ကဏ္ဍစုံနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဖော်ဆောင်သွားနိုင်မည်ဟု မိမိအနေဖြင့် အပြည့် အဝယုံကြည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ သဝဏ်လွှာ ကောက်နုတ်ချက်မှာ-

  • စစ်မှန်သည့် အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် အေးချမ်းသာယာဝပြောသည့် ဖက် ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်လိုသည့် မြန်မာနိုင်ငံ၏ ရည်မှန်းချက် အပေါ် ထိုင်းနိုင်ငံအနေဖြင့် ခိုင်မာစွာထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုလို။

  • နှစ်နိုင်ငံနှင့်ပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုအားကောင်းစေရန် လုပ်ဆောင်မည့် မိမိတို့၏ကတိကဝတ်မှာလည်း မယိမ်းမယိုင်ဘဲ တည်ရှိနေမည်ဖြစ်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ၏ သဝဏ်လွှာကောက်နုတ်ချက်မှာ-

  • နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက်ရှေးရှုလျက် မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးတို့ကို နှစ်နိုင်ငံချင်းသာမက နိုင်ငံ တကာမျက်နှာစာတွင်ပါ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးအတွက် အဆွေတော် နှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်။

ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ သဝဏ်လွှာကောက်နုတ်ချက်မှာ-

  • ယခုကဲ့သို့ အရေးပါသည့် နှစ်ပတ်လည် အထိမ်းအမှတ်အခါသမယတွင် ငြိမ်းချမ်း ရေး၊ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အတူတကွဖော်ဆောင်ပြီး ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှုများ လာမည့်နှစ်များစွာတိုင် ဆက်လက်ရှင်သန်စေ ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားမည့် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြု။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သံတမန်ဆက်သွယ်ထူထောင်မှု ၇၅ နှစ် မြောက်နေ့တွင် နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်ဝမ်းမြောက်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၈-၂၀၂၃)

 

  • မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ် ထူထောင် မှု (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ (ငြိမ်း)တို့အကြား၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာ မွန်းဝီနိုင်းတို့အကြား ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန် အလှန်ပေးပို့ခဲ့။

 

Add new comment