ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဩဂုတ်လ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်သည် ကပ်ရောဂါ၏ ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း၊ “လူ့အသက်ထက် အရေးကြီးတာမရှိ” ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မူဝါဒနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စေတနာရှင်များ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကပ်ရောဂါကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ပူး ပေါင်း၍ ကျန်းမာရေးစနစ် ခိုင်မာစေရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက် ခဲ့ရာ ASEAN Political Security Community ဆိုင်ရာ ဒုတိယအထွေထွေအတွင်းရေး မှူးချုပ်နှင့်အဖွဲ့က အာဆီယံပြည်သူ့ကျန်းမာရေး အရေးပေါ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး အာဆီယံလုပ်ငန်းညှိနှိုင်းရေးကောင်စီ၏ ဆုံးဖြတ်ချက်များ၊ အာဆီယံဒေသတွင်း ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ ရန်ပုံငွေဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ကျန်းမာ ရေးဝန်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ၊ အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ရုံးများမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၅-၈-၂၀၂၃)
- “လူ့အသက်ထက် အရေးကြီးတာမရှိ” ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မူဝါဒနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ စေတနာရှင်များ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကပ်ရောဂါကို အောင်မြင်စွာကျော် လွှားနိုင်ခဲ့ကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့်ပူးပေါင်း၍ ကျန်းမာရေးစနစ် ခိုင်မာစေရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။
Add new comment