နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့တွင် ကျင်းပသည့် (၁၇) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministerial Meeting on Transnational Crime and its Related Meetings – 17th AMMTC) ကို တက်ရောက် ခဲ့ပါသည်။

17th AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၁ ရက်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူ အရှေ့တီမော နိုင်ငံတို့မှ ဝန်ကြီးအဆင့်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၁၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

  • (၁၇) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီး အဆင့်အစည်းအဝေး ပထမနေ့ကို ဆက်လက်ကျင်းပခဲ့ရာ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံ၏ AMMTC ခေါင်းဆောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားခြင်း၊ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံ၏ ဖြစ်ပေါ်တိုးတက်မှု လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ၊ AMMTC ခေါင်းဆောင်၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု အညွှန်းကိန်းအစီရင်ခံစာ (၂၀၂၃) အရ အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ ဒရုန်းများကို စတင်အသုံးပြုလာရာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ ကြောင်း၊ မြန်မာနိုင်ငံတွင် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော အကြမ်းဖက် အဖွဲ့အစည်း PDFs များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ၊ ရဟန်းသံဃာ၊ သီလရှင်သေဆုံးမှုများ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ၊ လမ်း၊ တံတား၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးတာဝါတိုင်/အဆောက်အဦများ ပျက်စီး ဆုံးရှုံးမှုများ၊ Online လိမ်ညာမှုနှင့် ဆက်စပ်ဖြစ်ပေါ်နေသော လူကုန်ကူးမှုတိုက် ဖျက်ရေးဆောင်ရွက်နေမှုများ၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့။
  • 17th AMMTC အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ထုတ်ပြန်ကြေညာချက် ၃ ရပ်၊ ပူးတွဲကြေညာချက် ၁ ခုနှင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ လက်နက်မှောင်ခိုမှုများဆိုင်ရာ လုပ်ငန်းစီမံချက် ၄ ခု၊ ပေါင်း ၈ ခုတို့ကို အသေးစိတ် ဆွေးနွေး/အကြံပြုခဲ့ကြပြီး အတည်ပြုခဲ့။

အစည်းအဝေးအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Datong (မစ္စတာ ရှုတထုံး) တို့သည် ညနေပိုင်းတွင် သီးခြား တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာ MoU အရ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပရေး၊ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော Online လိမ်ညာမှု မှုခင်းများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအန္တရာယ် ကာကွယ်တားဆီးနှိမ်နင်းနိုင်ရေး တို့တွင် သတင်းအချက်အလက်ဖလှယ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့် တင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

  • အစည်းအဝေးဒုတိယနေ့ကို ဩဂုတ်လ ၂၂ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သော အာဆီယံ အပေါင်း ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) 13th AMMTC + 3 Consultation အစည်းအဝေး ကျင်းပခဲ့ပြီး တရုတ်နိုင်ငံနှင့် 10th AMMTC + China Consultation အစည်းအဝေးတွင်  မြန်မာနိုင်ငံ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး Mr. Xu Datong (မစ္စတာ ရှုတထုံး)တို့က ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့။
  • အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်သမားများနှင့် ရာဇဝတ် ဂိုဏ်းများသည် Globalization ကြောင့် ဖြစ်ပေါ်လာသည့် နည်းပညာအခွင့်အလမ်း များကို အသုံးချကျူးလွန်လျက်ရှိရာ ထိရောက်စွာ တိုက်ဖျက်နိုင်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုများဖြေရှင်းနိုင်ရန် လက်တွေ့ကျသည့် ပူးပေါင်းဆောင် ရွက်မှုများ၊ အကောင်အထည်ဖော်မှုများ လိုအပ်ကြောင်း၊ အာဆီယံနှင့် တရုတ် နိုင်ငံတို့အကြား သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (၂၀၁၇-၂၀၂၃) အကောင်အထည် ဖော်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့။
  • ဂျပန်နိုင်ငံနှင့် 8th AMMTC + Japan Consultation အစည်းအဝေးကိုလည်းကောင်း၊ ကိုရီးယားနိုင်ငံနှင့် 3rd AMMTC + ROK Consultation အစည်းအဝေးကိုလည်းကောင်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး 8th AMMTC + Japan အစည်းအဝေးတွင် ဂျပန်နိုင်ငံ AMMTC ခေါင်းဆောင်က မြန်မာနိုင်ငံပြည်တွင်းရေးနှင့် ပတ်သက်သည့်အခြေ အနေများကို ဝေဖန်ပြောဆိုခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်တုံ့ပြန် ပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြား နိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ခြင်းအားဖြင့် ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ယခု အစည်းအဝေးသည် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်သည့်ဆွေးနွေးမှုနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ ဆွေးနွေးရန်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများသည် ပြည်တွင်းရေးမျှသာဖြစ်ပြီး ဒေသတွင်းအရေးကိစ္စမဟုတ် ကြောင်း၊ ယခုလို ဒေသတွင်းအစည်းအဝေးများတွင် ဆွေးနွေးမည်မဟုတ်ကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့။

(၁၇) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီး အဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ထုတ်ပြန်မည့်ကြေညာချက် များနှင့် လုပ်ငန်းစီမံချက်များအား အတည်ပြုနိုင်ရေးအတွက် အဆင့်မြင့်အရာရှိကြီး များအဆင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၀ ရက်တွင် အဆိုပါ ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ SOMTC ခေါင်းဆောင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၅-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့ တက်ရောက်ခဲ့။
  • ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ မြန်မာနိုင်ငံတွင် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်း PDFs များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ၊ ရဟန်းသံဃာ၊ သီလရှင်သေဆုံးမှုများ၊ ကျန်းမာရေးဆိုင်ရာ အဆောက် အအုံ၊ လမ်း၊ တံတား၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးတာဝါတိုင်/အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုများ၊ Online လိမ်ညာမှုနှင့် ဆက်စပ်ဖြစ်ပေါ်နေသော လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်နေမှုများ၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့။
  • အကြမ်းဖက်သမားများနှင့် ရာဇဝတ်ဂိုဏ်းများသည် Globalization ကြောင့် ဖြစ်ပေါ် လာသည့် နည်းပညာအခွင့်အလမ်းများကို အသုံးချကျူးလွန်လျက်ရှိရာ ထိရောက်စွာ တိုက်ဖျက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများဖြေရှင်းနိုင်ရန် လက်တွေ့ ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အကောင်အထည်ဖော်မှုများ လိုအပ်။
  • ဂျပန်နိုင်ငံ AMMTC ခေါင်းဆောင်က မြန်မာနိုင်ငံပြည်တွင်းရေးနှင့်ပတ်သက်သည့် အခြေအနေများကို ဝေဖန်ပြောဆိုခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့် ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်၊ မြန်မာ့နိုင်ငံရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့။

 

Add new comment