၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ရာဇဝတ်မှုပေါင်း ၇၄၇ မှုလက်ခံရရှိပြီး ၅၈၆ မှုစစ်ဆေးပြီးစီးခဲ့

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် များ၏ (၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက-

  • တရားရုံးများသည် တရားစီရင်ရေးဖြောင့်မတ်မှန်ကန်ရေး၊ တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် အဓိကတာဝန်ရှိကြောင်း။
  • သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးနေသည့်အမှုများကိုလည်း ကြန့်ကြာမှုမရှိ စေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ဆောင်ရွက်ကြရန်ဖြစ် ကြောင်း။
  • တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် လုပ်ငန်းကျွမ်းကျင် မှုရှိရေး၊ လုပ်ရည်ကိုင်ရည် အရည်အသွေးမြင့်မားရေး၊ အဂတိလိုက်စားမှု ကင်း ရှင်းရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်မားရေးတို့အတွက်လည်း ကြပ်မတ်လမ်းညွှန်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း။
  • မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ရာဇဝတ်အမှုပေါင်း ၇၄၇ မှု လက်ခံရရှိပြီး ၅၈၆ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၁,၁၀၆ မှု လက်ခံရရှိပြီး အမှု ၈၂၀ စစ်ဆေးပြီးပြတ်ကြောင်း။
  • တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော်များတွင် ရာဇဝတ်အမှုပေါင်း ၂,၆၉၃ မှု လက်ခံရရှိပြီး ၂၅၂၉ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၂,၅၇၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၅၃ မှု အပါအဝင်) ၂,၆၂၈ မှု စစ်ဆေး ပြီးပြတ်ကြောင်း။
  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၁၁,၉၁၅ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၁,၀၉၀ မှု အပါအဝင်) ၁၃,၀၀၅ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၇၈၃၀ လက်ခံရရှိပြီး ၇၈၂၄ မှု စစ်ဆေးပြီးပြတ်ကြောင်း။
  • မြို့နယ်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၁၀၆,၃၆၀ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၃,၆၃၉ မှု အပါအဝင်) ၁၀၉,၉၉၉ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၉,၂၆၁ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၈၃၁ မှု အပါအဝင်) ၁၀,၀၉၂ မှု စစ်ဆေးပြီးပြတ်ကြောင်း။
  • ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ် တရားရုံး (ရန်ကုန်နှင့်မန္တလေး) တွင် ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၂၁၇ မှု လက်ခံရရှိပြီး ၁၉၉ မှု စစ်ဆေးပြီးပြတ်ကြောင်း။
  • စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တို့တွင် စည်ပင် သာယာဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း ၁,၇၄၉ မှု လက်ခံရရှိပြီး ၁,၇၃၃ မှု စစ်ဆေးပြီးပြတ်ကြောင်း။
  • မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင် ပို့သည့်အမှုပေါင်း ၄၃,၃၂၀ မှုကို စစ်ဆေးစီရင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း အမှုများကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာစစ်ဆေး ပြီးပြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားခဲ့။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၅-၈-၂၀၂၃)

 

  • တရားရုံးများသည် တရားစီရင်ရေးဖြောင့်မတ်မှန်ကန်ရေး၊ တရားရေးမဏ္ဍိုင် တည့်မတ် ခိုင်မာရေးအတွက် အဓိကတာဝန်ရှိ။
  • တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် လုပ်ငန်းကျွမ်းကျင် မှုရှိရေး၊ လုပ်ရည်ကိုင်ရည် အရည်အသွေးမြင့်မားရေး၊ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်မားရေးတို့အတွက်လည်း ကြပ်မတ် လမ်းညွှန်ဆောင်ရွက်သွားကြရန်။
  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ရာဇဝတ်မှုပေါင်း ၇၄၇ မှုလက်ခံရရှိပြီး ၅၈၆ မှုစစ်ဆေးပြီးစီးခဲ့။

Add new comment