အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုဆိုင်ရာ ဖမ်းဆီးရမိခဲ့မှုအခြေအနေ၊ AA သောင်းကျန်းသူများမှ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြား

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာပြည်သူများနှင့် အခြားအိမ်နီးချင်းနိုင်ငံများကို ထိခိုက်စေသည့် Online လောင်းကစားမှု၊ Online ငွေရေးကြေးရေးလိမ်လည်မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းပြီး  ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းလျက်ရှိကြောင်းကို ဖေဖေါ်ဝါရီလ ၂၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ရာတွင်-

  • တာချီလိတ်၊ ဆန်ဆိုင်း (က) ရပ်ကွက်တွင် Online လောင်းကစားများ၊ Online ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ တိုးနယားလမ်းရှိ ကျော်သိန်း (ခေါ်) ခွန်မောင်ညို ပိုင်ဆိုင်သည့် ခြံဝင်းတွင် ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်း။

  • ထိုင်းနိုင်ငံသား ကျား ၇၅ ဦး၊ မ ၇၃ ဦး ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၁၇၃ ဦး၊ မ ၃၆၇ ဦး ပေါင်း ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အသုံးပြုခဲ့သည့် မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်း လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် Desktop computer များကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း။

  • ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းတွင်  ကုမ္ပဏီရုံးခန်းဖွင့်လှစ်ပြီး ချေးငွေလုပ်ငန်းလုပ်ဆောင်သည်ဟုဆိုကာ Online မှ ငွေကြေးအမြတ်ထုတ် ခြိမ်းခြောက်လိမ်လည်နေသည့် အဖွဲ့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊  ဦးဆောင်သူမှာ တရုတ်နိုင်ငံသား မစ္စတာ ယူလင်ဖန်းဖြစ်ပြီး  ယခုအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ဇန်နဝါရီလကတည်းက ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးဖြစ်ကြောင်း။

  • အဆိုပါအဖွဲ့အစည်းသည် စုစုပေါင်း ၉၁ ဦးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး Online လိမ်လည်မှုတွင် ပါဝင်ခဲ့သည့် တရားခံ ၁၃ ဦးအား ဆက်စပ်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း။

  • ၎င်းတို့အနေဖြင့် ငွေချေးပေးမည်ဟုစည်းရုံးပြီး ပစ်မှတ်လူ၏ ဖုန်းထဲတွင် သူတို့၏ application တွေကို Install လုပ်ခိုင်းကြောင်း၊ application တွေကို သွင်းခိုင်းပြီး သွင်းလိုက်သည့်အချိန်တွင် ပစ်မှတ်လူ၏ ဖုန်းထဲရှိ Contact List နှင့် အချက်အလက်အားလုံးကို ရယူသွားကြောင်း၊ ရယူသွားပြီး ၎င်းအဖွဲ့အစည်းက ငွေချေးသည့်ပုံစံမျိုးလုပ်ခိုင်းကာ၊ ငွေညစ်ပြီး ပြန်တောင်းတာမျိုးတွေရှိကြောင်း။  

  • ငွေတောင်းပြီး ပစ်မှတ်လူက ငွေပြန်မပေးဘူးဆိုလျှင် ၎င်းတို့ရရှိထားသည့် Contact List ထဲက ဖုန်းနံပါတ်တွေကို ဆက်သွယ်ကာ  အရှက်ခွဲခြင်းမျာ၊ ဆဲဆို ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း။

  • လိမ်လည်သွားသည့် ငွေကြေးများသည် ပြည်သူလူထု၏ ချွေးနှဲစာ၊ ပြည်သူလူထု၏ လုပ်အားနှင့် ရရှိထားသည့် ငွေများဖြစ်ကာ သက်သက်အမြတ်ထုတ် ဂုတ်သွေးစုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါငွေကြေးလိမ်လည်မှုများနှင့်ပတ်သက်ပြီး နစ်နာခဲ့ရသည့် ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တိုင်ကြားသွားရန်လိုကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုက်ဖျက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။  

ဆက်လက်၍ AA သောင်းကျန်းသူများမှ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှု များနှင့်ပတ်သက်၍ ပြောကြားခဲ့ရာတွင်-

  • AA သောင်းကျန်းသူများအနေဖြင့် မွတ်စလင်အသိုင်းအဝိုင်းနှင့် ပတ်သက်ပြီးတော့ ထူးထူးခြားခြား ပြောဆိုနေခြင်းများ၊ ထုတ်လွှင့်နေခြင်းများရှိကြောင်း။

  • AA အနေဖြင့် မောင်တောဒေသရှိ ဒေသလုံခြုံရေးတာဝန်ယူထားသည့် နယ်စပ်ဒေသကာကွယ်ရေး ရဲများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ အချို့ရဲစခန်းများမှာ ဆုတ်ခွာပေးခဲ့ရကြောင်း၊ ဆုတ်ခွာပေးလိုက်တာနှင့်အမျှ AA အနေဖြင့် နယ်ခြားစောင့်ရဲများသည် ARSA အကြမ်းဖက်သောင်းကျန်းသူတို့အား လက်နက်များ ရောင်းချခဲ့သည်ဆိုသော သတင်းအမှားကို မဟုတ်မမှန်ထုတ်လွှင့်ခဲ့ခြင်းများရှိကြောင်း။

  • အမှန်မှာ ရဲစခန်းတွေက ဆုံးရှုံးခဲ့ရသည့် လက်နက်တွေကို AA အဖွဲ့က ARSA အဖွဲ့ကို ထောက်ပံ့ပြီး သူတို့ထောက်ပံ့တယ်ဆိုတာမျိုးမဖြစ်အောင်၊ နယ်ခြားစောင့်ရဲများက ထောက်ပံ့သည်ဟု စွပ်စွဲပြီး စောင့်ကြည့်နေသည့် ရခိုင်ပြည်သူလူထုကို ထင်ယောင် ထင်မှားဖြစ်အောင် လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း။

  • အမှန်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ARSA ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့များနှင့် ယခင်ကတည်းက အဆက်အသွယ်ရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ အဓိကအဆက်အသွယ်မှာ မူးယစ်ဆေးဝါးလုပ်ငန်းပင်ဖြစ်ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ၊ WY ဆေးပြားများ၊ ICE မူးယစ်ဆေးဝါးများကို AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ထဲအထိ သွင်းယူလာခြင်းများရှိကြောင်း။

  • ထိုကဲ့သို့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများတွင် AA က အဖွဲ့ဝင်တွေ၊ အရာရှိကြီးများကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်း၊ အကြိမ်ကြိမ်လည်း ဖမ်းဆီး ရမိပြီးဖြစ်ကြောင်း၊ သက်သေအထောက်အထားနဲ့လည်း ကျွန်တော်တို့ ထုတ်ပြန် ပြီးဖြစ်ကြောင်း။

  • အဆိုပါမူးယစ်ဆေးဝါးများကို အဓိကပင်လယ်ထွက်ပေါက်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ပို့ခြင်းများရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲတွင်လည်း မကြာခဏဖမ်းဆီးရမိခြင်းများရှိကြောင်း၊ နယ်စပ်အထိ AA အဖွဲ့က တာဝန်ယူပြီး ARSA အဖွဲ့နှင့် ချိတ်ဆက်ကာ လွှဲပြောင်းပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

  • နောက်တစ်ခုက ဒီရက်ပိုင်းအတွင်းမှာပဲ AA အနေဖြင့် တပ်မတော်က ဘူးသီးတောင်-မောင်တောတွင်ရှိသည့် မွတ်စလင်တွေကို စစ်သားစုဆောင်းနေတယ်ဆိုပြီး ကောလာဟလတွေ ဆက်တိုက်ထုတ်လွှင့်နေခြင်းများရှိကြောင်း။

  • ဘူးသီးတောင်-မောင်တောတွင်ရှိသည့် မည်သည့်မွတ်စလင်အသိုင်းအဝိုင်းကိုမဆို၊ မည်သည့်မွတ်စလင်ကျေးရွာကိုမဆို မေးမြန်းလို့ရကြောင်း၊  စစ်သားစုဆောင်းခြင်းမျိုးမရှိကြောင်း။

  • ဘူးသီးတောင်-မောင်တောတွင် AA အနေဖြင့် မွတ်စလင်ကျေးရွာများမှ ကိုယ်စားလှယ်များကိုခေါပြီး အစည်းအဝေးလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် တပ်မတော်နှင့် မပူးပေါင်းရန်၊ AA နှင့်သာ ပူးပေါင်းရန်၊ AA တပ်ထဲမှာဝင်ပါဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တာရှိကြောင်း၊ အခွင့်အရေးတွေပေးသွားမယ်ဆိုပြီး ပြောဆိုခဲ့တာလည်း ရှိကြောင်း၊ သူတို့ပြောဆိုခဲ့တဲ့ အထောက်အထားတွေအားလုံးလည်း ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘူးသီးတောင်မြို့နယ်၏ မောင်တောဘက်အထွက်မှာရှိတဲ့ လက်ဝဲတက်ပုဇွန်ချောင်း၊ မွတ်စလင်ကျေးရွာတွေကို AA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်ကိုသတင်းပေးတယ်ဆိုပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အိမ်ခြေ ၇၀၀ လောက်အထိ ဆုံးရှုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဘူးသီးတောင်မြို့ရှိ မွတ်စလင်လူမှုကူညီရေးအသင်းနှင့်ပူးပေါင်းပြီး ပြန်လည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၂-၂၀၂၄)

 

  • Online လောင်းကစားများ၊ Online ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသား ကျား ၇၅ ဦး၊ မ ၇၃ ဦး ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၁၇၃ ဦး၊ မ ၃၆၇ ဦး ပေါင်း ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့၊ ၎င်းတို့အသုံးပြုခဲ့သည့် မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်း လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် Desktop computer များကိုလည်း ဖမ်းဆီးရမိခဲ့။

  • ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းတွင် ၉၁ ဦးဖြင့်  ကုမ္ပဏီရုံးခန်းဖွင့်လှစ်ပြီး ချေးငွေလုပ်ငန်းလုပ်ဆောင်သည်ဟုဆိုကာ Online မှ ငွေကြေးအမြတ်ထုတ် ခြိမ်းခြောက်လိမ်လည်နေသည့်အဖွဲ့ကိုလည်း ဖမ်းဆီးရမိခဲ့၊ Online လိမ်လည်မှုတွင် ပါဝင်ခဲ့သည့် တရားခံ ၁၃ ဦးအား ဆက်စပ်ဖော်ထုတ်ဖမ်းဆီးရမိခဲ့။

  • AA အနေဖြင့် နယ်ခြားစောင့်ရဲများသည် ARSA အကြမ်းဖက်သောင်းကျန်းသူတို့အား လက်နက်များ ရောင်းချခဲ့သည်ဆိုသော သတင်းအမှားကို မဟုတ်မမှန်ထုတ်လွှင့်ခဲ့ခြင်းများရှိ။

  • အမှန်မှာ ရဲစခန်းတွေက ဆုံးရှုံးခဲ့ရသည့် လက်နက်တွေကို AA အဖွဲ့က ARSA အဖွဲ့ကို ထောက်ပံ့ပြီး သူတို့ထောက်ပံ့တယ်ဆိုတာမျိုးမဖြစ်အောင်၊ နယ်ခြားစောင့်ရဲများက ထောက်ပံ့သည်ဟု စွပ်စွဲပြီး စောင့်ကြည့်နေသည့် ရခိုင်ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်ခြင်းပင်ဖြစ်။

  • AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ARSA ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့များနှင့် ယခင်ကတည်းက အဆက်အသွယ်ရှိပြီး ၎င်းတို့၏ အဓိကအဆက်အသွယ်မှာ မူးယစ်ဆေးဝါးလုပ်ငန်းပင်ဖြစ်၊ စိတ်ကြွရူးသွပ်ဆေးပြားများ၊ WY ဆေးပြားများ၊ ICE မူးယစ်ဆေးဝါးများကို AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ထဲအထိ သွင်းယူလာခြင်းများရှိ။

  • ဘူးသီးတောင်-မောင်တောတွင် AA အနေဖြင့် မွတ်စလင်ကျေးရွာများမှ ကိုယ်စားလှယ်များကိုခေါပြီး အစည်းအဝေးလုပ်ခဲ့၊ အစည်းအဝေးတွင် တပ်မတော်နှင့် မပူးပေါင်းရန်၊ AA နှင့်သာ ပူးပေါင်းရန်၊ AA တပ်ထဲမှာဝင်ပါဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းများရှိ၊ အခွင့်အရေးတွေပေးသွားမယ်ဆိုပြီး ပြောဆိုခဲ့။

Add new comment