တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်တွင် အရပ်သား ၁၄ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး အဆိုပါမြို့အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် KIA နှင့် PDF အကြမ်းဖက်သမားများက အတင်းအဓမ္မ လူသစ်စု ဆောင်းလျက်ရှိသဖြင့် ဒေသခံလူငယ်များက ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော ပြည်မြို့၌ တည်းခိုနေသည့် ရခိုင်တိုင်းရင်းသား ၂၀ ဦးထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး သွားဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ တပ်မတော်ဘက်က ဖမ်းဆီးခဲ့ခြင်းမရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော လက်နက်မှုဖြင့် စွပ်စွဲဖမ်း ခံရသူ ၁ ဦးအား ထောင်အတွင်းမှ ခေါ်ထုတ်၍ ပစ်သတ်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအတုဖြစ်ပြီး မြေပြင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အဆိုပါကိစ္စရပ်အား လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် ပြည်သူများအနေဖြင့် အုပ် ချုပ်ရေးအဖွဲ့အစည်းများအပေါ် ထင်ယောင်ထင်မှားဖြစ်စေရန် အဖျက်အမှောင့် ရည်ရွယ်ချက်ဖြင့် လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ ရပ်ကွက်များကို တပ်မတော်က မီးရှို့ခဲ့ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သောကြောင့် လူနေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ KNLA နှင့် PDF အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်၊ စခန်းများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အနီးဝန်းကျင်ရှိ မြို့၊ ရွာများအတွင်း လူနေအိမ်များပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးဆုံးရှံးခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျက်သရေရွာကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တက္ကသိုလ်ကျောင်းသား ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်သတင်းအတုဖြစ်ပြီး အဆိုပါရွာသို့ တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းမရှိဘဲ ၎င်းရွာတွင် တပ်မတော်စစ်ကြောင်းများရှိသည်အထင်ဖြင့် AA သောင်း ကျန်းသူအဖွဲ့မှ Drop Bomb များကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ပြည်သူများအား ဖမ်းဆီးနေဟူသည့် ကောလာဟလသတင်းများကို ဖြန့်ဝေလျက်ရှိပါသည်။ အဆိုပါ သတင်းများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များ ဝင်ရောက် လာစေရေးနှင့် တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရေးတို့ ဖြစ်ပေါ်လာစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၂-၂၀၂၄)

 

  • ဗန်းမော်မြို့အဝင် မိုင်ဂိတ်တွင် အရပ်သား ၁၄ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး အဆိုပါမြို့အတွင်း အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေသည့် KIA နှင့် PDF အကြမ်းဖက်သမားများက အတင်းအဓမ္မ လူသစ်စုဆောင်းလျက်ရှိကြောင်း သိရှိရ။
  • ပြည်မြို့၌ တည်းခိုနေသည့် ရခိုင်တိုင်းရင်းသား ၂၀ ဦးထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ တပ်မတော်ဘက်က ဖမ်းဆီးခဲ့ခြင်းမရှိ။
  • လက်နက်မှုဖြင့် စွပ်စွဲဖမ်းခံရသူ ဦးအား ထောင်အတွင်းမှ ခေါ်ထုတ်၍ ပစ်သတ်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအတုဖြစ်ပြီး မြေပြင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အဆိုပါကိစ္စရပ်အား လုပ်ဆောင်ခဲ့ခြင်းမရှိ။
  • ကော့ကရိတ်မြို့အတွင်းရှိ ရပ်ကွက်များကို တပ်မတော်က မီးရှို့ခဲ့ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ KNLA နှင့် PDF အကြမ်းဖက် သမားပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်များပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ်များ မီးလောင်ပျက်စီးဆုံးရှံးခဲ့။
  • ရမ်းဗြဲမြို့၊ ကျက်သရေရွာကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တက္ကသိုလ်ကျောင်းသား ဦး ကျည်ထိမှန်သေဆုံးခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်သတင်းအတုဖြစ်ပြီး အဆိုပါရွာသို့ တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ AA သောင်းကျန်းသူအဖွဲ့မှ Drop Bomb များကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့။

 

Add new comment