မလေးရှားနိုင်ငံရေပိုင်နက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးများနှင့်အတူ လပွတ္တာမြို့နယ်နှင့် ကော့သောင်းမြို့တို့တွင် ဖမ်းဆီးရမိ

       နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့်အပြင် တပ်မတော်(ရေ) အနေဖြင့်-

  • ဇန်နဝါရီလ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်” စက်လှေကို မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ပြီး စက်လှေပေါ်ပါ အမျိုးသား ၅ ဦးနှင့် ၎င်းတို့၏စစ်ဆေးဖော်ထုတ်ချက်များအရ ဆက်စပ်တရားခံများဖြစ်သည့် ပုသိမ်မြို့နယ်တွင် ၈ ဦး၊ ကျောင်းကုန်းမြို့နယ်တွင် ၁ ဦးနှင့် ရေကြည်မြို့နယ်တွင် ၂ ဦး၊ စုစုပေါင်း ၁၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့။
  • ဖမ်းဆီးရမိတရားခံများ၏ စစ်ဆေးဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပုသိမ်မြို့နယ်၊ သမွန်ချိုင်ကျေးရွာရှိ တင်ထွန်း၏ ဂိုဒေါင်မှ  အိုက်စ် (မက်သ်အဖက်တမင်း) ၁.၅ တန်အားလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အေးမြတ်အောင် စက်လှေပိုင်ရှင်၏ မြိတ်မြို့နှင့် တနင်္သာရီမြို့တို့ရှိ နေအိမ်များမှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄၅ တောင့်၊ ၁၂ ဗို့ပြောင်းချောကျည် ၄၆ တောင့်၊ ပြောင်းချောသေနတ် ၁ လက်နှင့် မော်တော် ယာဉ် ၂ စီးအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အဆိုပါမူးယစ်ဆေးဝါးများကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်းဌားရမ်းထားသည့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ခြံဝင်းအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် Methylamine လီတာ ၁၆,၄၀၀၊ Sulphuric Acid လီတာ ၁,၂၀၀၊ Hydrochloric Acid လီတာ ၅၆၀၊ Benzyl Cyanide လီတာ ၁၂,၄၀၀ တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး အဆိုပါသိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းတို့၏ စုစုပေါင်းကာလဒေသတန်ဖိုးမှာ ငွေကျပ် ၄၅.၂၈ ဘီလီယံကျော်ရှိကြောင်း ဖော်ထုတ်သိရှိရ။
  • အဆိုပါသိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်မှ မန္တလေးမြို့၊ မန္တလေးမြို့မှ ပုသိမ်မြို့၊ ထိုမှတစ်ဆင့် မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရ။
  • ဖေဖော်ဝါရီလ ၁၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ “မင်းထက်သာ-၃” အမည်ရှိ စက်လှေအား သတင်းအရရှာဖွေခဲ့စဉ် စက်လှေပေါ်မှ ကာလဒေသတန်ဖိုးငွေကျပ် ၄၅.၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁.၂၉၈ တန်နှင့်အတူ တရားခံ ၄ ဦးအားဖမ်းဆီးရမိခဲ့ပြီး တရားခံများ၏ စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါသိမ်းဆည်းရမိမူးယစ်ဆေးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရ။

တာဝန်ရှိသူများက ဖမ်းဆီးရမိမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့များအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၂-၂၀၂၄)

 

  • မလေးရှားနိုင်ငံရေပိုင်နက်သို့ ပို့ဆောင်မည့် ကာလဒေသတန်ဖိုး ငွေကျပ် ၄၅.၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) . တန်နှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား လပွတ္တာမြို့နယ်တွင်လည်းကောင်း၊ ကာလဒေသတန်ဖိုးငွေကျပ် ၄၅.၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁. ၂၉၈ တန်အား ကော့သောင်းမြို့နယ်တွင်လည်းကောင်း မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းအဖွဲ့များနှင့်အတူ ဖမ်းဆီးရမိ။

Add new comment