ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တိုးနယား လမ်းရှိ ကျော်သိန်း(ခ) ခွန်မောင်ညိုပိုင်ဆိုင်သော ခြံဝင်းအတွင်း၌ တရားမဝင် Online ဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပါသည်။
ထိုသို့ ရှာဖွေစစ်ဆေးရာ တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ/သား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသူ/သား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် ၁၂၀ စီး၊ Online ဂိမ်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ယခုကဲ့သို့ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသူ/သားများအား တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၂-၂၀၂၄)
- ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ/သား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသူ/သား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
- ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်။
Add new comment