တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Ayeyarwaddy Times မှ တင်ထားသော ကောလင်းမြို့အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်နှင့် ကျေးရွာများအား မီးရှို့ရန်ညွှန်ကြားထားသော အသံဖိုင်ထွက်ပေါ်နေဟူသည့်သတင်းနှင့်ပတ်သက်၍ ၎င်းအသံဖိုင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိတစ်ဦးက မီးရှို့ရန် အမိန့်ပေးစေခိုင်းသည့် ပုံစံဖြင့် ပြည်သူများအကြား ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် လုပ်ကြံ ဖန်တီးထားသော အသံဖိုင်အတုတစ်ခုဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Ayeyarwaddy Times မှ တင်ထားသော မြောင်းမြမြို့ရှိ သက်ဆိုင်ရာဌာနများမှ အစိုးရဝန်ထမ်းများ စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် ဝန်ထမ်း ၂ ဦးနှုန်း စစ်မှုထမ်းရမည်ဟူသည့်သတင်းသည် မဟုတ်မမှန် ကောလာဟလသတင်းများဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လူငယ်လူရွယ်များနှင့် မိဘပြည်သူများအပြင် နိုင်ငံ့ဝန်ထမ်းများကိုပါ စိုးရိမ်ထိတ်လန့်စေရန်အတွက် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရ။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ပြည်သူများအား ဖမ်းဆီးနေဟူသည့် ကောလာဟလသတင်းများကို ဖြန့်ဝေလျက်ရှိပါသည်။ အဆိုပါသတင်းများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များ ဝင်ရောက်လာစေရေးနှင့် တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရေးတို့ ဖြစ်ပေါ်လာစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၂-၂၀၂၄)

 

  • ကောလင်းမြို့ အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်နှင့် ကျေးရွာများအား မီးရှို့ရန်ညွှန်ကြားထားသော အသံဖိုင်ထွက်ပေါ်နေဟူသည့်သတင်းနှင့်ပတ်သက်၍ ၎င်းအသံဖိုင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိတစ်ဦးက မီးရှို့ရန် အမိန့်ပေးစေခိုင်းသည့် ပုံစံဖြင့် ပြည်သူများအကြား ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် လုပ်ကြံဖန်တီးထားသော အသံဖိုင်အတုတစ်ခုဖြစ်။
  • မြောင်းမြမြို့ရှိ သက်ဆိုင်ရာဌာနများမှ အစိုးရဝန်ထမ်းများ စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် ဝန်ထမ်း ဦးနှုန်း စစ်မှုထမ်းရမည်ဟူသည့်သတင်းသည် မဟုတ်မမှန်ကောလာဟလသတင်းများဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လူငယ် လူရွယ်များနှင့် မိဘပြည်သူများအပြင် နိုင်ငံ့ဝန်ထမ်းများကိုပါ စိုးရိမ်ထိတ်လန့်စေရန်အတွက် ဖြန့်ဝေနေခြင်းဖြစ်။

Add new comment