နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်

       ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဟားခါးတပ်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

သဘာပတိ ဦးထန်မွမ်းခိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီးနောက် ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်ကြပြီး ချင်းအမျိုးသားနေ့ အခမ်းအနားအစီအစဉ် ပြီးဆုံးခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော ဒေသခံပြည်သူများကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်ပစ္စည်းများကိုလည်းကောင်း၊ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ချင်းအမျိုးသားနေ့ပွဲတော်အထိမ်းအမှတ် မီးပုံပွဲတော်အား ချင်းတိုင်းရင်းသားအကအဖွဲ့များနှင့်အတူ ပါဝင်ဆင်နွှဲကာ ချင်းအမျိုးသားနေ့ပွဲတော်ကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၂-၂၀၂၄)

 

  • ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ သည် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော ဒေသခံပြည်သူများနှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများနှင့် ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့။

Add new comment