တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ၃ ရက်အတွင်း ဒေသခံအမျိုးသား ၂၀ ကျော် ဖမ်းဆီးခံခဲ့ရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာနှင့်အနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေခြင်းသာဖြစ်ပြီး ဒေသခံများအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော ရန်ကုန်မှ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့သို့ လေယာဉ်ဖြင့် ပြန်လာသည့် ခရီးသည် ၆၀၀ နီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ မြေပြင်တွင် အဆိုပါခရီးသည်များအား လုံခြုံရေးအရ ပုံမှန်စစ်ဆေးခြင်းများသာ ပြုလုပ်လျက်ရှိပြီး ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ပြည်သူများအား ဖမ်းဆီးနေဟူသည့် ကောလာဟလသတင်းများကို ဖြန့်ဝေလျက်ရှိပါသည်။ အဆိုပါသတင်းများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များ ဝင်ရောက်လာစေရေးနှင့် တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရေးတို့ ဖြစ်ပေါ်လာစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၂-၂၀၂၄)
- ငရုတ်ကောင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဒေသခံအမျိုးသား ၂၀ ကျော် ဖမ်းဆီးခံခဲ့ရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာနှင့်အနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေခြင်းသာဖြစ်ပြီး ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိ။
- ရန်ကုန်မှ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့သို့ လေယာဉ်ဖြင့် ပြန်လာသည့် ခရီးသည် ၆၀၀ နီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့ဟူသည့် သတင်းနှင့်ပတ်သက်၍ မြေပြင်တွင် အဆိုပါခရီးသည်များအား လုံခြုံရေးအရ ပုံမှန်စစ်ဆေးခြင်းများသာ ပြုလုပ်လျက်ရှိပြီး ဖမ်းဆီးခဲ့ခြင်းမရှိ။
Add new comment