ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko အား လက်ခံတွေ့ဆုံ

         ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko အား ဖေဖော်ဝါရီလ ၂၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အထူးသဖြင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍများအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာကျောင်းသားများအတွက် ပညာသင်ဆု ပိုမိုပေးအပ်ရေးအစီအစဉ်များ တိုးမြှင့်ဖော်ဆောင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် နှစ်နိုင်ငံ အစိုးရများအကြား ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံခြင်းတို့၏ အရေးပါမှုကိုလည်း အလေးထားဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်၊ ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၂-၂၀၂၄)

 

  • ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး နိုင်ငံတည်ငြိမ်၊ ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့။

Add new comment