ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်သူလူထုများသိရှိစေရန်အတွက် ဖေဖော်ဝါရီလ ၁၃ ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင်လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြည်ပနိုင်ငံများ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံ၏သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် တွေ့ဆုံရာတွင်လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင်  YMBA အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

ထိုသို့ပြောကြားခဲ့သည်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ထပ်မံအသိပေးပြောကြားခဲ့ရာတွင်-  

  • ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးအပြင် အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ယခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ကြောင်းနှင့် ၎င်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်က YMBA အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှာ သင့်တင့်လျှောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်စေရန်ဖြစ်ပြီး နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း။  
  • သံအမတ်ကြီးများနှင့်တွေ့ဆုံစဉ်  အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူခြင်းမျိုးမဟုတ်ပဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်တာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း။
  • နိုင်ငံတစ်ခုတည်ဆောက်ဖို့၊ နိုင်ငံတစ်ခုတည်မြဲဖို့အတွက် နိုင်ငံရေးစွမ်းအား POLITICAL MIGHT၊ စီးပွားရေးစွမ်းအား ECONOMIC MIGHT နှင့် ကာကွယ်ရေး စွမ်းအား MILITARY MIGHT ကောင်းဖို့ လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း။
  • နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအား၊ ကာကွယ်ရေးစွမ်းအားတို့အပြင်  နိုင်ငံတော်အတွက်လိုအပ်သော စွမ်းအားစုများကို တည်ဆောက်သည့်အခါတွင် ဘက်ညီမျှတစွာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ဒါတွေကို ပြည်ဖျက်မီဒီယာတွေ တချို့သော EAOs တွေက ကောလာဟလထုတ်လွှင့်ပြီး ပြည်သူလူထုစီးပွားဘဝ မငြိမ်မသက်ဖြစ်အောင်၊ ပြည်သူလူထု စိုးရိမ်ထိတ်လန့်မှုတွေဖြစ်အောင် လုပ်ဆောင်လျက်ရှိကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် အတွက် အကျုံးဝင်သည့်အင်အား ၁၃ သန်းရှိကြောင်း၊  ၁၃ သန်းတွင် အမျိုးသားအင်အား ၆ သန်းကျော်ရှိကြောင်း၊ ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်း ၆ သောင်း နီးပါးလောက်ပဲ ခေါ်ယူနိုင်မည်ဖြစ်ပြီး အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် အခြားနိုင်ငံများကဲ့သို့ပင် အကျုံးဝင်သည့်အလျှောက် အလှည့်ကျတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီးလျှင် ဦးစားပေးအလိုက် ဝန်ထမ်းခန့်အပ်ခြင်းများ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထားခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုရာတွင် အမျိုးသမီးများအား လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း ထပ်မံရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၄)

 

  • နိုင်ငံတော်ဝန်ကြီးချုပ်က YMBA အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှာ သင့်တင့်လျှောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်စေရန်ဖြစ်ပြီး နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့။
  • အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူခြင်းမျိုးမဟုတ်ပဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်တာဝန်ပေးအပ်သွားမည်ဖြစ်သည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့။
  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် အတွက် အကျုံးဝင်သည့်အင်အား ၁၃ သန်းရှိကြောင်း၊  ၁၃ သန်းတွင် အမျိုးသားအင်အား ၆ သန်းကျော်ရှိကြောင်း၊ ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်း ၆ သောင်း နီးပါးလောက်ပဲ ခေါ်ယူနိုင်မည်ဖြစ်ပြီး အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်။
  • နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် အခြားနိုင်ငံများကဲ့သို့ပင် အကျုံးဝင်သည့်အလျှောက် အလှည့်ကျတာဝန်ထမ်းဆောင်ရမည်ဖြစ်။
  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုရာတွင် အမျိုးသမီးများအား လတ်တလောခေါ်ယူရန် အစီအစဉ်မရှိ။
vidos: 

Add new comment