အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အာဆီယံဒေသတွင်းအလုပ်ရုံဆွေးနွေး

       အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အာဆီယံဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop to Strengthen Capacity of National Mechanism for the Advancement of Women in AMS) ကို ဖေဖေါ်ဝါရီလ ၂၀ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံ တွေ့ရသော ကောင်းမွန်သည့် အလေ့အထများနှင့် စိန်ခေါ်မှုများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ယန္တရားများ ခိုင်မာအားကောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်း၏ အရေးပါမှုနှင့် အကျိုးရလဒ်များကို ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေး ဦးဆောင်ကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ အမျိုး သမီးအဖွဲ့အစည်းဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ AFXB (Myanmar)၊ ACWO (Myanmar) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ အာဆီယံအမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ASEAN Gender Mainstreaming Steering Committee နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၄)

 

  • အာဆီယံနိုင်ငံများရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့် ယန္တရားများ ခိုင်မာအားကောင်းလာစေရေး အာဆီယံဒေသတွင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်။

Add new comment