ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူးအား လက်ခံတွေ့ဆုံ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yu Bo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီလ ၂၀ ရက်တွင် Horizon Lake View Resort ၌ အလုပ်သဘောနေ့လယ်စာ (Working Lunch) ဖြင့် တည်ခင်းဧည့်ခံ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဧည့်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက အဓိကကုန်သွယ်ဖက်နိုင်ငံများလည်းဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှုကို အလေးထားပြီး ကုန်စည်များ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူးအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို အလေးထားပြီး ကုန်စည်များ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့။

Add new comment