ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် စိန့်ပီတာစဘတ်-မြန်မာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်

          မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က-

  • ဝန်ကြီးဌာနအနေနှင့် ၂၀၂၃ ခုနှစ်တွင် အာဆီယံ-ဂျပန်စင်တာမှ “ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု” နှင့် “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု”တို့ နှင့် စပ်လျဉ်းသော စီမံကိန်းနှစ်ခုသည် ပြည်တွင်း MSMEs လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းနိုင်သော စီးပွားရေးအသိအမြင်များနှင့် ကွန်ရက်ချိတ်ဆက်မှုအခွင့်အလမ်းများကို ဖန်တီးပေးရန်ရည်ရွယ်ကြောင်း။
  • အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းမှ အခွင့်အလမ်းများပေးနိုင်ကြောင်း။
  • MSMEs လုပ်ငန်းများသည် နိုင်ငံ၏အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ပြီး ၎င်းကိုပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ စိန့်ပီတာစဘတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲ Mr. Vladimir Zapevalov၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီဒုတိယဥက္ကဋ္ဌ မစ္စတာဗီချယ်စလာ့ကဘ်ဂါနိုဗ့်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုံး၊ စိန့်ပီတာစဘတ်ကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်၊ စိန့်ပီတာစဘတ်တရားရေးဆိုင်ရာဌာနမှ ဒုတိယဥက္ကဌ Mr. Nikolay Bondarenko တို့က Hybrid စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရွက်မှုများ တိုးမြှင့်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ ပါဝင်ပြသသွားနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၄)

 

  • ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရွက်မှုများ တိုးမြှင့်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည့် အခြေအနေများ၊ မြန်မာ-ရုရှားနှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့။

Add new comment