မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းဖမ်းဆီးရမိ

         မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့သည် မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုများကို အလေးထားဆောင်ရွက်ခဲ့ရာ-

  • ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်း‌ချောင်ကျေးရွာအနီး ဒိုက်ဦးမှ ဘားအံသို့ ခိုင်ဇော်ထွန်းမောင်းနှင်ပြီး နိုင်ဇော်နှင့် နန္ဒထွန်းတို့ လိုက်ပါလာသည့် HYUNDAI MINI BUS မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းအား သိမ်းဆည်းရမိခဲ့။
  • တရားခံ၏ စိစစ်ဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားသယ်ဆောင် ခိုင်းသူ ဇော်မျိုးနိုင်(ခ)ဒညင်းကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ဒိုက်ဦးမြို့နယ်သို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကရင် ပြည်နယ်ရှိ KNU နယ်မြေမှတစ်ဆင့် KKO (ကလိုထူးဘောကရင်အစည်းအရုံး) ခွဲထွက်အဖွဲ့က မူးယစ်ဆေးဝါးများအား ထိုင်းနိုင်ငံနယ်စပ်သို့ ဆက်လက်သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရ။

တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၄)

 

  • ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီး ဒိုက်ဦးမှ ဘားအံသို့ မောင်းနှင်လာသည့် HYUNDAI MINI BUS မော်တော်ယာဉ်အား ရှာဖွေ စစ်ဆေးခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ် ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းနှင့်အတူ တရားခံ ဦးဖမ်းဆီးရမိခဲ့။
  • အဆိုပါဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအား ကရင်ပြည်နယ်ရှိ KNU  နယ်မြေမှ တစ်ဆင့် KKO(ကလိုထူးဘောကရင်အစည်းအရုံး) ခွဲထွက်အဖွဲ့က ထိုင်းနိုင်ငံနယ်စပ် သို့ ဆက်လက်သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရ။

Add new comment