တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဆီဆိုင်မြို့မှ စစ်ဘေးရှောင်ပြည်သူများ၏ ကားတန်းကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းအတုဖြစ်ပြီး အဆိုပါမြို့အတွင်း တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများမရှိဘဲ ပြည်သူများအနေဖြင့် တပ်မတော်အပေါ် မုန်းတီးအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိစွာ ဖြန့်ဝေနေခြင်းသာဖြစ်။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညဘက်တွင် ပေါ်တာ ဆွဲနေသည့်မဟုတ်မမှန်သတင်းများ၊ အကြမ်းဖက်သမားအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူများအား သတင်းအမှောင်ချပြီး တပ်မတော်အပေါ် ပြည်သူများ အမုန်းပွားစေရန် တစ်ဖက်သတ် စွပ်စွဲရေးသားချက်များဖြင့် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၄)
- ဆီဆိုင်မြို့မှ စစ်ဘေးရှောင်ပြည်သူများ၏ ကားတန်းကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းအတုဖြစ်ပြီး အဆိုပါမြို့အတွင်း တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများမရှိ။
Add new comment