တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မိုးမိတ်မြို့ကို တပ်က ပြန်လည်သိမ်းပိုက်စဉ် ပြည်သူ ၁၀၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၄ ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး တပ်မတော်မှ စနစ်တကျထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသောကြောင့် တပ်မတော်အပေါ် ပြည်သူများအား အထင်အမြင်လွဲမှားစေရန်နှင့် တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေရန်တို့အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရ။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညဘက်တွင် ပေါ်တာဆွဲနေသည့် မဟုတ်မမှန်သတင်းများ၊ အကြမ်းဖက်သမားအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူများအား သတင်းအမှောင်ချပြီး တစ်ဖက်သတ်စွပ်စွဲရေးသားချက်များဖြင့် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၂-၂၀၂၄)
- မိုးမိတ်မြို့ကို တပ်က ပြန်လည်သိမ်းပိုက်စဉ် ပြည်သူ ၁၀၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၄ ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသဖြင့် တပ်မတော်အပေါ် ပြည်သူများအား အထင်အမြင်လွဲမှားစေရန်နှင့် တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေရန်တို့အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်။
Add new comment