ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H. E. Mr. Uladzimir Baravikou အား လက်ခံတွေ့ဆုံ

         ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး   H.E. Mr. Uladzimir Baravikou  အား သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။

  • ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံ စဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျရောက်မည့် မြန်မာ-ဘယ်လာရုစ်သံတမန် ဆက်သွယ်မှုထူထောင်သည့် (၂၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍမြှင့်တင်သွားရေး၊ မြန်မာကျောင်းသားများအတွက် ဘယ်လာရုစ်နိုင်ငံမှ ပညာသင်ဆုများ ပိုမိုပေးအပ်သွားရေးအပါအဝင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးချုပ်သည် နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းအသိပေးခဲ့။

  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။

  • စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနှင့်  မြန်မာနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သော ဆန်၊  ပဲမျိုးစုံနှင့် ချုပ်ပြီးအထည်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဘယ်လာရုစ်နိုင်ငံမှ နည်းပညာနှင့် ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါပြီး အပြန်အလှန် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၂-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H. E. Mr. Uladzimir Baravikou  အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာကျောင်းသားများအတွက် ဘယ်လာရုစ်နိုင်ငံမှ ပညာသင်ဆုများ ပိုမိုပေးအပ်ရေး၊ မြန်မာနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့။

Add new comment