မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ်နှစ်နိုင်ငံအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရန်အတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့နည်းစေရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ် ချက် (၅) ချက်အပေါ် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် သက်ဆိုင်ရာဌာနများပူးပေါင်း၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မာနှင့် တရုတ်နယ်စပ်ဒေသတစ်လျှောက် မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန်နှင့် Contact Person ထားရှိရန်၊ မီးဘေးအန္တရာယ်ကာကွယ်ခြင်းနှင့်ပတ်သက်သည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာသင်တန်းများအား ပူးပေါင်းဆောင်ရွက်ရန်နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေ့လာဆန်းစစ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ပြင်ဆင်ဖြည့်စွက်ရန်အချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၂-၂၀၂၄)
- မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရန်အတွက် ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက် (၅) ချက်အပေါ် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ။
Add new comment