နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ကောက်နုတ်ချက်

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်မှာ-

  • ချင်းအမျိုးသားနေ့သည် ချင်းတိုင်းရင်းသားများက ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲများနှင့် ပဒေသရာဇ်စနစ်ဖျက်သိမ်းရေး၊ တောင်တန်းမြေပြန့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး၊ တိုက်သူကြီးအုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရေးတို့ကို  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည် ထောင်စုစိတ်ဓာတ်တို့ဖြင့် ဖော်ဆောင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း။
  • လက်ရှိအခြေအနေတွင် ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံ၏ နေရာ အနှံ့အပြား၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများ နှင့် နိုင်ငံကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေရာ စည်းလုံးညီညွတ် မှုပြိုကွဲပြီး လွဲမှားသည့်အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန် တိုက်ခိုက်နေကြရင်းလဲပြိုသွားပြီး အချုပ်အခြာအာဏာ ဆုံးရှုံးရသည့်ဘဝသို့ ရောက်သွားနိုင်သည်ကို သတိပြုကြရန်လိုပါကြောင်း။
  • ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း မုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးနေခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးအယူဝါဒ သွတ်သွင်းပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန်လိုအပ်ပါကြောင်း။
  • ချင်းပြည်နယ်အပါအဝင် ဒေသအချို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ၊ ခြိမ်းခြောက်မှုများကြောင့် ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ဒေသခံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ များစွာနစ်နာဆုံးရှုံးလျက်ရှိပါကြောင်း။
  • တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်သဖြင့် ယခုကဲ့သို့အဖျက်အမှောင့်နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကို ဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်တားဆီးကြရမည်ဖြစ်ပါကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
  • ချင်းပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့်ဒေသများတွင် ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် (၁,၀၀၂ ဒသမ ၀၂) သန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ဤသည်မှာ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားပြည်သူများအပေါ်   မိသားစုစိတ်ဓာတ်၊   စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့်  ပြည်ထောင်စုစိတ်ဓာတ်တို့ကို   ပြသနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် တိုက်တွန်းကြောင်းဖြင့် သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၂-၂၀၂၄)

 

  • ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအနှံ့အပြား၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေရာ စည်းလုံးညီညွတ်မှုပြိုကွဲပြီး လွဲမှားသည့် အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန် တိုက်ခိုက်နေကြရင်းလဲပြိုသွားပြီး အချုပ်အခြာအာဏာဆုံးရှုံးရသည့်ဘဝသို့ ရောက်သွားနိုင်သည်ကို သတိပြုကြရန်လို။
  • ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း မုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးနေခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးအယူဝါဒသွတ်သွင်းပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန်လို။
  • တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်သဖြင့် ယခု ကဲ့သို့ အဖျက်အမှောင့်နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကိုဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်တားဆီးကြရမည်ဖြစ်။
  • နိုင်ငံတော်အစိုးရက ချင်းပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့်ဒေသများတွင် ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် (,၀၀၂ ဒသမ ၀၂) သန်း ထောက်ပံ့ပေးခဲ့၊  ဤသည်မှာ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားပြည်သူများအပေါ်   မိသားစုစိတ်ဓာတ်၊  စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့်  ပြည်ထောင်စုစိတ်ဓာတ်တို့ကို   ပြသနိုင်ခဲ့ခြင်းဖြစ်။

Add new comment