MAI လေကြောင်းလိုင်း၏ ရုရှားနိုင်ငံ Novosibirsk မြို့သို့ လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်းမည်

          အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) အနေဖြင့် မြန်မာနိုင်ငံမှ ရုရှား နိုင်ငံ Novosibirsk မြို့သို့ လေကြောင်းခရီးစဉ်သစ်ကို စက်တင်ဘာလ ၅ ရက်မှစတင်ကာ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တို့တွင် ပျံသန်းမည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွက် လေယာဉ် လက်မှတ်များကို အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

          ထိုသို့ပျံသန်းရာ၌ အပတ်စဉ် အင်္ဂါနှင့်စနေနေ့တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် စတင်ထွက်ခွာ၍ မန္တလေး တံတားဦး အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်သည် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ရုရှားနိုင်ငံ Novosibirsk မြို့သို့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ်ကို ပျံသန်းရာတွင်လည်း ရုရှားနိုင်ငံ Novosibirsk မြို့မှ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် စတင်ထွက်ခွာ၍ မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၅ နာရီ ၅၅ မိနစ်တွင် ဆိုက် ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါလေယာဉ်သည် မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၆ နာရီ ၃၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၈-၂၀၂၃)

 

  • MAI လေကြောင်းလိုင်း၏ ရုရှားနိုင်ငံ Novosibirsk မြို့သို့ လေကြောင်း ခရီးစဉ် သစ်ကို စက်တင်ဘာလ ၅ ရက်မှစတင် ကာ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တို့တွင် ပျံသန်းမည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွက် လေယာဉ်လက်မှတ်များကို အမေရိ ကန်ဒေါ်လာ ၄၀၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်။

 

Add new comment