ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ

         ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ဩဂုတ်လ ၂၃ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ကော်မတီအနေဖြင့် ပြည်သူများ၏ စားရေးအတွက် အဓိကကျသည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းကျောင်းကြပ် မတ်ဆောင်ရွက်ရန်လိုကြောင်း။
  • ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ်ထိရောက် အကျိုးရှိမည့် နည်းလမ်းများကိုအသုံးပြုပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် ပြည်တွင်း ထုတ်လုပ်နိုင်မှုပမာဏတို့ကိုချိန်ဆပြီး လိုအပ်သည့်မူဝါဒများ ချမှတ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
  • ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့် များပြားခြင်းကို လျှော့ချနိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက် မျှတမှု ရှိ - မရှိနှင့် ဝိသမလောဘသမားများ၏ ဈေးကစားမှု ရှိ - မရှိကို စုံစမ်း စိစစ်ခြင်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။
  • ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်း ပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လည်း လို အပ်ကြောင်း။
  • အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍနှင့် မွေးမြူ ရေးကဏ္ဍတို့တွင် ထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် လိုအပ်သည့် ပံ့ပိုးမှု များပေးခြင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကိုအားပေးခြင်း စသည့် စည်းရုံးရေးနှင့် စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန် လိုအပ်ကြောင်း။
  • တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

            အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၈-၂၀၂၃)

 

  • အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် ပြည်တွင်းထုတ် လုပ်နိုင်မှုပမာဏတို့ကိုချိန်ဆပြီး လိုအပ်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်။
  • ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့် များပြားခြင်းကို လျှော့ချနိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက် မျှတမှု ရှိ-မရှိနှင့် ဝိသမလောဘသမားများ၏ ဈေးကစားမှု ရှိ-မရှိကို စုံစမ်းစိစစ် ခြင်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန်လို။
  • ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါး ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်း ပြတ်လပ်ခြင်း များ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လည်းလို။

Add new comment